မဟာအောင်မြေ ဖေဖော်ဝါရီ ၁၇
မန္တလေးတိုင်းဒေသကြီး၊ မဟာမြိုင်(၁)ရပ်ကွက်၊ ၆၆ လမ်း၊ ၄၂×၄၃ လမ်းကြား (၃၂x၅၀)ပေရှိ RC(၃)ထပ် ဆိုလာ အင်ဗာတာလျှပ်စစ်မီးဖြင့် အားသွင်းထားရာမှ အပူလွန်ကဲပြီး (ရွှေရည် Fruit Brand) နေကာလိပ်၊ မိုးကာ၊ ဇာပြာ၊ စိုက်ပျိုးရေးပိုက်မဲနှင့်ပိုက်ဆက်ပစ္စည်း၊ ကြက်ခြံသုံးပစ္စည်းများနှင့် ရောင်းဝယ်ရေး အဆောက်အဦအား ယနေ့နံနက် ၅ နာရီ ၂၀ အချိန်က မီးလောင်းမှု ဖြစ်ပွားခဲ့သည်။
အဆိုပါ မီးလောင်မှုသည် (ရွှေရည် Fruit Brand) နေကာလိပ်၊ မိုးကာ၊ ဇာပြာ၊ စိုက်ပျိုးရေးပိုက်မဲနှင့်ပိုက်ဆက်ပစ္စည်း၊ ကြက်ခြံသုံးပစ္စည်းများနှင့် ရောင်းဝယ်ရေးအဆောက်အဦသို့ ဆိုလာအင်ဗာတာလျှပ်စစ်မီးဖြင့် အားသွင်းထားရာမှ အပူလွန်ကဲပြီးမီးကူးစက်၍ မီးလောင်မှုဖြစ်ပွားခဲ့သည်။ ၎င်းမီးလောင်မှုကြောင့် (၃၂x၅၀)ပေရှိ RC(၃)ထပ် အဆောက်အဦ အတွင်း၊အပြင်ပစ္စည်းများ ဆုံရှုံးခဲ့ကြောင်း သိရသည်။
မီးလောင်မှုဖြစ်ပွားရာသို့ တိုင်းဒေသကြီးမီးသတ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးဇော်ဝင်းထွန်း ဦးဆောင်၍ Level-1 ယာဉ်အုပ်စုဖြင့် မီးငြှိမ်းသတ်ယာဉ် ၁၀ စီး၊ မီးသတ်ရေသယ်ယာဉ် ၅ စီး၊ အုပ်ချုပ်မှုယာဉ် ၃ စီး၊ စုစုပေါင်း ၁၈ စီး၊ ရေဂါလံ ၈၀၀၀ ခန့်ဖြင့် ငြှိမ်းသတ်ခဲ့ရာ ၅ နာရီ ၅၂ အချိန်ခန့်တွင် မီးထိန်းနိုင်ခဲ့ပြီး ၆နာရီ ၁၅ အချိန်ခန့်တွင် မီးလုံးဝငြိမ်းသွားခဲ့ကြောင်း သိရသည်။
အောင်ဇော်မင်း