နေပြည်တော် ဇန်နဝါရီ ၃၀
နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးသည် ဇန်နဝါရီ ၂၈ ရက်နေ့က လယ်ဝေးမြို့နယ်၊ ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်ရှိလမ်း၊ တံတားများပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုများနှင့် ပုဂ္ဂလိကဆေးခန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီဝင်သည် တာဝန်ရှိသူများနှင့်အတူ လယ်ဝေးမြို့နယ်၊ ရန်ကုန်-မန္တလေးလမ်းဟောင်း (အင်ဘုမီးပွိုင့်မှ ဈေးမီးပွိုင့်အထိကွန်ကရစ်ချဲ့ခင်းခြင်း) ၂၈၅၆၄ စတုရန်းပေx၈ လက်မထုအား နေပြည်တော်စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန (လမ်း/တံတား)မှ လမ်းတိုးချဲ့ခြင်းလုပ်ငန်းဆောင်ရွက်နေမှုနှင့် ဗောဓိကုန်းကျေးရွာအနီး ရန်ကုန်-မန္တလေးလမ်းဟောင်း ၁၀၀၀၀ စတုရန်းပေ×၉ လက်မထုအား ကျောက်ကတ္တရာ ထပ်ပိုးလွှာခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးကာ အရည်အသွေးပြည့်မီရေးနှင့် အချိန်မီပြီးစီးရေးမှာကြားသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဝင်သည် လယ်ဝေးမြို့နယ်၊ ကြောင်ရေကျေးရွာအနီး ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်တွင် ကျောက်ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းနှင့် ၃၀'x၂၀'R.C.C တံတားပြုပြင်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေးကာ အရည်အသွေးပြည့်မီရေးမှာကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီဝင်နှင့် တာဝန်ရှိသူများသည် လယ်ဝေးမြို့နယ် သာဝတ္ထိ၊ ထွန်းလင်းကြယ် ပုဂ္ဂလိကမူလတန်းကြိုကျောင်း ဒုတိယအကြိမ်သက်တမ်းတိုးမြှင့်ခြင်း အတွက်ကွင်းဆင်းစစ်ဆေးပြီး သာဝတ္ထိရှိ ဧကရာဇ်ဆေးခန်းအားအထွေထွေ ရောဂါကုဆေးခန်းမှ အထူးကုဆေးခန်းအဖြစ် ဖွင့်လှစ်နိုင်ရေးနှင့် အေလာ၊ ရွာသစ်ရှိ ဒေါက်တာတေဇာနိုင်၏ အထွေထွေရောဂါကုဆေးခန်းမှ အထူးကုဆေးခန်းအဖြစ် ဖွင့်လှစ်နိင်ရေး သတ်မှတ်ချက်များ ပြည့်စုံမှုရှိ၊ မရှိကွင်းဆင်းစစ်ဆေးသည်။ ဆက်လက်၍ နေပြည်တော်ကောင်စီဝင်သည် လယ်ဝေးမြို့၊ အမှတ်(၇)ရပ်ကွက်ရှိ Swe ဓာတ်ခွဲခန်း သက်တမ်းတိုးခြင်းဆောင်ရွက်ရန်အတွက် ကွင်းဆင်းကြည့်ရှုစစ်ဆေးကာ သတ်မှတ်ချက်များ ကိုက်ညီစေရေးမှာကြားခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)