နေပြည်တော်ကောင်စီနယ်မြေ

တပ်ကုန်းမြို့၌ ၁၃၈၇ခုနှစ်၊ မြန်မာ့ရိုးရာလမ်းလျှောက်သင်္ကြန်ဖြစ်မြောက်ရေး ပါဝင်လှူဒါန်းကူညီသူများအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲ ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ်၌ ၁၃၈၇ခုနှစ်၊ မြန်မာ့ရိုးရာလမ်းလျှောက်သင်္ကြန်ဖြစ်မြောက်ရေး ပါဝင်လှူဒါန်းကူညီသူများအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်းကို ဧပြီ ၂၃ ရက် ည ၈ နာရီက စိုက်ပျိုးရေးသုတေသနခြံဝင်းအတွင်း ကျင်းပခဲ့သည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်း အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်ပေးနေမှုကို ကြည့်ရှုအားပေး၊ အသက် (၂၅) နှစ်အောက် အမျိုးသား/အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်းသည် ယမန်နေ့နံနက်ပိုင်းက နေပြည်တော်ကောင်စီဝင်များ၊ တာဝန်ရှိသူများနှင့်အတူ ပျဉ်းမနားမြို့၊ မြန်မာ့စီးပွားရေးဘဏ်သို့ သွားရောက်ပြီး   ပင်စင်လစာ လာရောက်ထုတ်ယူကြသည့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား  ခုတင် - ၂၀၀ ဆံ့  ပြည်သူ့ဆေးရုံကြီး ပျဉ်းမနားမြို့မှ အထူးကုဆရာဝန်ကြီးမျာက ကျန်းမာရေးအခမဲ့စောင့်ရှောက်ပေးနေမှုနှင့် အငြိမ်းစား ပင်စင်လစာ ထုတ်ပေးနေမှုအခြေအနေများကို ကြည့်ရှုအားပေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များကို လမ်းညွှန်မှာကြားကာ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကားပြောကြားကာ အခြေခံစားသောက်ကုန်များ ပေးအပ်ခဲ့သည်။

တပ်ကုန်းမြို့၌ လူထုကျန်းမာရေးလုပ်သား သင်တန်းဖွင့်လှစ်သင်ကြား

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ်၊ ​ရွှေမြို့​ကျေးရွာအုပ်စု၊ ဘူတာ​ကျေးရွာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကြီးကြပ်ပြီးဖွင့်လှစ်သင်ကြားသည့် လူထုကျန်းမာရေးလုပ်သားသင်တန်းဖွင့်လှစ်သင်ကြားခြင်းကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါကျေးရွာဘုန်း​တော်ကြီး​ကျောင်းတွင် ဖွင့်လှစ်ခဲ့သည်။

ကျိုင်းတုံမြို့နယ်တွင် ရက် ၁၀၀ စီမံချက်ဖြင့် မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးရေးကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ရက် ၁၀၀ စီမံချက်ဖြင့် ဒေသအတွင်းမွေးမြူရေးလုပ်ငန်းများဖွံ့ဖြိုးရေးအတွက် အမှတ်(၁)ရပ်ကွက်၊ ဟိုနားအောက်ကျေးရွာရှိ ဒေါ်ရွှေရည်ဖူး၏ နို့စားနွားမွေးမြူရေးခြံ၌ ယနေ့နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစောမင်းသူ၊ ခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ဒေါက်တာမျိုးနိုင်နှင့်တာဝန်ရှိသူများက ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ပေါင်းစပ်ကူညီဆောင်ရွက်ပေးသည်။

ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာအုပ် စာစောင်များငှားရမ်းပေး

ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာဖတ်သူများ လက်ဝယ်အရောက် စာအုပ်များလိုက်လံငှားရမ်းပေးမှုကို ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ ရပ်ကွက်‌/ကျေးရွာများအရောက် လှည့်လည်ငှားရမ်း‌ပေးလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းတွင် ပျဉ်းမနားမြို့နယ်၊ သကြားစက်ကျေးရွာသို့  သွားရောက်ငှားရမ်းပေးကြသည်။

တပ်ကုန်း​မြို့နယ်၌ နွေစပါးစိုက်ပျိုးဧကပြည့်မီရေး စျေးနှုန်းသက်သာ​စွာ စက်သုံးဆီရောင်းချ

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနတို့ပူးပေါင်း၍ နွေစပါးစိုက်ပျိုးဧကပြည့်မီရေး စက်သုံးဆီများသက်သာသောစျေးနှုန်းဖြင့်ရောင်းချပေးလျက်ရှိရာ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ်တွင် ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးချိုဝင်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးအောင်မြင့်မိုး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအေးမင်းထွန်းနှင့်ဝန်ထမ်းများ ကြီးကြပ်ကာ ယနေ့ နံနက်ပိုင်းက ကျားသေအိုင်ကျေးရွာအုပ်စု၊ ညောင်လွန့်ကျေးရွာအုပ်စုများရှိ စိုက်ပျိုးစီးပွားအသိပညာပေးစင်တာ(KC) ခန်းမများတွင် စက်သုံးဆီများ ရောင်းချပေးခဲ့သည်။

ဥတ္တရသီရိမြို့နယ်၌ အပူဒဏ်ကာကွယ်ရေး အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်တွင် နွေရာသီကာလအတွင်း ကျရောက်လာနိုင်သည့် အပူဒဏ်အန္တရာယ်များမှ အများပြည်သူများကြိုတင်ကာကွယ်နိုင်ရန်ရည်ရွယ်၍ အသိပညာပေးခြင်းလုပ်ငန်းများကို သက်ဆိုင်ရာလမ်းညွှန်ချက်များနှင့်အညီဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ဥတ္တရသီရိမြို့နယ်၊ ချင်းရွာဓမ္မာရုံ၌ အပူဒဏ်ကာကွယ်ရေးအသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နေပြည်တော်ကောင်စီဝင် ဦးအောင်ဇေယျ တပ်ကုန်းမြို့နယ် ဗုဒ္ဓသာသနာပြုဗိမာန်တော်ကြီး ပြန်လည်တည်ဆောက်နေမှုကြည့်ရှု၊ မီးဘေးသင့်အိမ်ထောင်စုဝင်များအား ထောက်ပံ့ငွေနှင့်ပစ္စည်းများ လှူဒါန်း

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ်တွင် မန္တလေးမြေငလျင်ကြောင့် ပျက်စီးခဲ့သော ဗုဒ္ဓသာသနာပြုဗိမာန်တော်ကြီး တည်ဆောက်နေသည့်လုပ်ငန်းခွင်သို့ နေပြည်တော်ကောင်စီဝင် ဦးအောင်ဇေယျသည် တပ်ကုန်းမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်သူနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။

နေပြည်တော်ကောင်စီဝင်များ ဖြစ်ကြသည့် ဗိုလ်မှူးကြီး ရဲမိုးနှင့် ဦးအောင်ဇေယျ နေပြည်တော်အတွင်း နွေစပါးထွန်ယက်နိုင်ရေး စက်သုံးဆီရောင်းချနေမှုအား ကြည့်ရှုအားပေး

ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ တောင်သူများနွေစပါး ထွန်ယက်နိုင်ရေးအတွက် စက်သုံးဆီများအား လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊  မြန်မာ့ရေနံနှင့်ဓာတုဗေဒလုပ်ငန်းမှ ယနေ့နံနက်ပိုင်းမှစတင်၍ လယ်ဝေးမြို့နယ်ရှိ  ကွမ်းခြံကျေးရွာ၊ အေးချမ်းသာကျေးရွာ၊ ပင်သောင်ကျေးရွာ၊ ပျဉ်းမနားမြို့နယ် ငကောင်းကံကျေးရွာ၊ နတ်သရဲကျေးရွာနှင့် ဇေယျာသီရိမြို့နယ် ကျည်တောင်၊ ကြို့ပင်၊ လေသာကျေးရွာများသို့ တောင်သူများအား တစ်ဧကတစ်ဂါလံနှုန်း၊ တစ်ဂါလံလျှင် တစ်သောင်းကျပ်နှုန်းဖြင့် တိုက်ရိုက်လာရောက်ရောင်းချပေးလျက်ရှိရာ လာရောက်ရောင်းချနေမှုအား နေပြည်တော်ကောင်စီဝင်များ ဖြစ်ကြသည့် ဗိုလ်မှူးကြီးရဲမိုးနှင့် ဦးအောင်ဇေယျတို့မှ ကြည့်ရှုအားပေးခဲ့ပြီး တာဝန်ရှိသူများအား တောင်သူများ စက်သုံးဆီဝယ်ယူရာတွင် အဆင်ပြေချောမွေ့စေရေး အလေးထားကြီးကြပ်ဆောင်ရွက်သွားရန် မှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

တပ်ကုန်းမြို့နယ် မြဝတီရက်ကွက်၊ နယ်မြေ (၁၁/က)၌ လူနေအိမ် မီးလောင်မှုဖြစ်ပွား

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ်၊ မြဝတီရပ်ကွက်၊ နယ်မြေ(၁၁/က)၊တွင် ယနေ့နံနက် ၁၀ နာရီ ၄၅ မိနစ်ခန့်က လူနေအိမ်နှစ်လုံး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
Subscribe to နေပြည်တော်ကောင်စီနယ်မြေ