မြင်းခြံ ဇန်နဝါရီ ၂၁
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းမင်းထွန်းနှင့် တာဝန်ရှိသူများ မြင်းခြံမြို့အတွင်းရှိ မဲရုံပြင်ဆင်ထားရှိမှု အခြေအနေများအား ကွင်းဆင်း ကြည့်ရှုစစ်ဆေးကို ယမန်နေ့ ညနေ ၃ နာရီမှစတင်၍ ကြည့်ရှုစစ်ဆေးကြသည်။
မြင်းခြံခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းမင်းထွန်း၊ မြင်းခြံမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးထွဋ်နှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များက မြင်းခြံမြို့ပေါ် ရပ်ကွက် (၁၊ ၉၊ ၁၀၊ ၁၈၊ ၁၉) တို့ရှိ မဲရုံပြင်ဆင်ထားရှိမှု အခြေအနေများ၊ မဲပေးရန်စောင့်ဆိုင်းစဉ် အရိပ်ရရှိရေးအရိပ်စဉ်ပြင်ဆင်ထားရှိမှုများ၊ မဲမပေးမီ ပြည်သူများအတွက် မဲပေးခြင်း အသိပညာပေး တီဗီထားရှိမှုများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး သက်ဆိုင်ရာမဲရုံများတွင် တာဝန်ထမ်းဆောင်ကြမည့်သူများအား မဲရုံပြင်ဆင်ရန် လိုအပ်ချက် များ မှာကြားခဲ့ကြောင်း သိရသည်။
ချစ်ဦးနွေ(မြင်းခြံ)