သာစည် ဇန်နဝါရီ ၂၁
မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၌ ၂၀၂၆ ခုနှစ်တက္ကသိုလ်ဝင်တန်းအောင်ချက်မြင့်မားရေးအထောက်အကူပြု အလုပ်ရုံဆွေးနွေးပွဲကို ဇန်နဝါရီ ၂၁ ရက်နံနက် ၉ နာရီက သာစည်မြို့ အမှတ် (၁)အခြေခံပညာအထက်တန်းကျောင်းတွင် ပြုလုပ်ကြောင်း သိရသည်။
အလုပ်ရုံဆွေးနွေးပွဲမစတင်မီ ဒုတိယမြို့နယ်ပညာရေးမှူးဦးမြင့်ကျော်က ဆွေးနွေးပွဲတက်ရောက်မည့် ဆရာ၊ ဆရာမများအား ဆွေးနွေးပွဲနှင့်ပတ်သက်ပြီး အလေးထားဆောင်ရွက်ကြရန်နှင့် ဆွေးနွေးပွဲအချိန်စာရင်းကို ရှင်းလင်းပြောကြားသည်။ ထို့နောက်အလုပ်ရုံဆွေးနွေးပွဲကိုစတင်ရာ တိုင်းဒေသကြီးအဆင့် ဆွေးနွေးပွဲတက်ရောက်လာသော ဆရာ၊ ဆရာမ ၂၃ ဦးတို့က ဦးဆောင်ပြီး ဘာသာရပ်အလိုက်အခန်းများခွဲကာ ဆွေးနွေးကြကြောင်းနှင့် ဆွေးနွေးပွဲကို ညနေ ၄ နာရီအထိပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။ အဆိုပါအလုပ်ရုံဆွေးနွေးပွဲသို့ မြို့နယ်အတွင်းရှိ အထက်တန်းကျောင်းများမှ တက္ကသိုလ်ဝင်တန်းသင် ဆရာ၊ ဆရာမများ တက်ရောက်ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)