ချမ်းမြသာစည်မြို့နယ်၌ ကြိုတင်ဆန္ဒမဲပေးခြင်းများ ဆောင်ရွက်

ချမ်းမြသာစည် ဇန်နဝါရီ    ၂၁

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့ပေါ်ရပ်ကွက်များတွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ ကြိုတင်ဆန္ဒမဲပေးခြင်းကို ဇန်နဝါရီ ၁၅ ရက်နေ့ နံနက်ပိုင်းမှစ၍ ယနေ့နံနက်ပိုင်းတွင်လည်း ကြိုတင်မဲများ လာရောက်ပေးလျက်ရှိ သည်။

အဆိုပါ ကြိုတင်မဲများကို မြို့နယ်အတွင်းရှိ မဲရုံတာဝန်ကျသည့် နိုင်ငံ့ဝန်ထမ်းများ၊ မြို့ပေါ် ရပ်ကွက်များရှိ သက်ကြီးရွယ်အိုများ၊ ကျန်းမာရေးမကောင်းသူများ၊ ရွေးကောက်ပွဲကျင်းပမည့် ၂၅ ရက်နေ့၌ အရေးပေါ်ခရီး သွားရောက်မည့် ပြည်သူများသာ ကြိုတင်ဆန္ဒမဲများ ပေးခွင့်ရှိကြောင်း သိရသည်။

အဆိုပါ ကြိုတင်ဆန္ဒမဲများကို ဇန်နဝါရီလ ၁၅ ရက်နေ့မှ ၂၄ ရက်နေ့အထိ သက်ဆိုင်ရာ မဲရုံများတွင် နံနက် ၆ နာရီမှ ညနေ ၄ နာရီအထိ လာရောက်၍ ကြိုတင်ဆန္ဒမဲများပေးနိုင်ကြောင်း သိရသည်။

အလင်းသစ်(ချမ်း/စည် ပြန်/ဆက်)