မြစ်သား ဇန်နဝါရီ ၂၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သား မြို့နယ်တွင် Resources Group Trading Co. Ltd နှင့် Hike Co.Ltd များဦးဆောင်မှုဖြင့် ကျောက်ဆည်ခရိုင် ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ မြစ်သားမြို့နယ်ရှိ ဌာနဆိုင်ရာဝန်ထမ်းများအား စျေးနှုန်းချိုသာစွာစားသုံးနိုင်ရန်အတွက် စားအုန်းဆီတစ်ပိဿာ ၇၁၅၀/-ကျပ် နှုန်းဖြင့် ဇန်နဝါရီ ၂၀ ရက် နံနက် ၈ နာရီမှ နေ့လယ် ၁၂ နာရီအထိ ရောင်းချပေးခဲ့ကြောင်း သိရသည်။
ထိုသို့ရောင်းချရာတွင် ကျောက်ဆည်ခရိုင် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှအဖွဲ့ဝင်များဖြစ်ကြသော ဒေါ်ဇာဇာအေး(မဇာ-ကုန်စုံဆိုင်-မြစ်သားမြို့)၊ ဦးအောင်စိုးမိုး(ကူမဲမြို့)၊ ဦးအောင်ဆန်းဝင်း (အောင်ကမ္ဘာဆီစက်၊ကူမဲမြို့)၊ ဦးကိုကိုကြီး (နယူးဖန်စီဆီဆိုင်၊ကူမဲမြို့)၊ ဒေါ်ကေသီအောင်(မြစ်သားမြို့)၊ ဦးဟိန်းသီဟဇော်(မြစ်သားမြို့)၊ ဦးရှိုင်းဝဏ္ဏ (ရှယ်လီဌေး ဆီဆိုင်၊ကူမဲမြို့) စသည့်ဆီကုန်သည် ၇ ဦးတို့က ရောင်းချပေးခဲ့သည်။ မြစ်သားမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာ ဝန်ထမ်းများအား ၁ ဦးလျှင် ၂ ပိဿာနှုန်းဖြင့် မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာ ၄၅ ဌာနတို့မှ အရာထမ်း၊ အမှုထမ်း စုစုပေါင်း ၂၄၇၉ ဦးတို့အား စုစုပေါင်း စားအုန်းဆီ ၄၉၅၈ ပိဿာတို့အား စျေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခဲ့ကြောင်း စားသုံးသူရေးရာဦးစီးဌာန တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
ဝါဝါမြင့်(မြစ်သား)