မချမ်းဘော ဇန်နဝါရီ ၁၁
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂)ကို ယနေ့နံနက် ၆ နာရီမှ စတင်ကျင်းပရာ မဲဆန္ဒရှင်ပြည်သူများ စနစ်တကျလာရောက်မဲပေးလျက်ရှိသည်။
အဆိုပါမဲပေးခြင်းများကို နမ်ခမ်ကျေးရွာ၊မဲရုံအမှတ်(၁)၊ထရန်ဒမ်းကျေးရွာ မဲရုံအမှတ်(၂)၊ ငွားဇာခါးကျေးရွာ မဲရုံအမှတ်(၃)၊ မန်နိုကျေးရွာမဲရုံအမှတ်(၄)၊ ပန်ဆပ်ကျေးရွာ မဲရုံအမှတ်(၅)၊ ရပ်ကွက်(၁)၊ မဲရုံအမှတ်(၆)၊ အမှတ်(၁၃၇)တပ်နယ်မဲရုံ မဲရုံအမှတ်(၇)၊ ရပ်ကွက်(၂) မဲရုံအမှတ်(၈)၊ ရပ်ကွက်(၃)မဲရုံ အမှတ်(၉)၊ ရပ်ကွက်(၄)မဲရုံ အမှတ်(၁၀)၊ အင်ဘူးဘော့ကျေးရွာ မဲရုံအမှတ်(၁၁)၊ ရှင်ဗွေယန်ကျေးရွာ မဲရုံအမှတ်(၁၂)၊ အလန်ဂါးကျေးရွာမဲရုံအမှတ်(၁၃)၊ ထန်ဂါးကျေးရွာမဲရုံအမှတ်(၁၄) စသည့်မဲရုံပေါင်း(၁၄)ရုံတွင် မဲဆန္ဒရှင်ပေါင်း(၆၄၄၇)ဦးတို့က မဲရုံစတင်ဖွင့်လှစ်သည့်နံနက် ၆ နာရီမှစ၍ စနစ်တကျမဲဆန္ဒများလာပေးလျက်ရှိကြောင်း သိရသည်။
ယောရွှေနီ(မချမိးဘော)