ကလောမြို့နယ်၊ဟဲဟိုးမြို့ရှိရပ်ကွက်(၂)၊ကျေးရွာအုပ်စုများတွင် ကြိုတင်ဆန္ဒမဲပေးနေမှုများအား ကြည့်ရှုစစ်ခြင်း

တောင်ကြီး ဇန်နဝါရီ ၈

ပြည်တောင်စု‌ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ရှမ်းပြည်နယ်(တောင်ပိုင်း) တာဝန်ခံဦးခင်မောင်ဦးသည် ရှမ်းပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးအောင်မင်းဝင်းနှင့် အတွင်းရေမှူးများလိုက်ပါ၍ ယနေ့ နံနက် ၁၀ နာရီခွဲတွင် ရွေးကောက်ပွဲ အပိုင်း(၂)ကျင်းပမည့် ကလောမြို့နယ်၊ ဟဲဟိုးမြို့၊ အမှတ်(၅)ရပ်ကွက်၊ ဝါးရုံပင်ကျေးရွာအုပ်စုနှင့် သီခေါင်ကျေးရွာအုပ်စု ကော်မရှင်အဖွဲခွဲရုံးများတွင် ကြိုတင်ဆန္ဒမဲပေးနေသည့်အခြေအနေများကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့သည်။

ယင်းသို့ စစ်‌ဆေးဆောင်ရွက်ရာတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်က သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ကြိုတင်ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး ဆန္ဒမဲပေးနိုင်ရေး၊ ကြိုတင်ဆန္ဒမဲပေးဆောင်ရွက်မှုများကို ပွင့်လင်းမြင်သာစွာဆောင်ရွက်ရေး၊ ကြိုတင်ဆန္ဒမဲပုံးများကို သတ်မှတ်ချက်များနှင့်အညီ လုံခြုံစွာထိန်းသိမ်းထားရှိရေး၊ ကြိုတင်ဆန္ဒမဲပေးသူများ၏ အမည်စာရင်းများကို စနစ်တကျစာရင်းပြုစုထားရှိရေး၊ ရွေးကောက်ပွဲကျင်းပသည့်နေ့ မဲရုံမဖွင့်မီကြိုတင်ဆန္ဒမဲပုံးများကို မဲရုံမှူးများထံမဲပေးထားသည့်စာရင်း ပုံစံ၁၃(က)များနှင့်အတူ လွှဲပြောင်းအပ်နှံရေး ရှင်းလင်းမှာကြားခဲ့ကြောင်း သိရှိရသည်။

စိုင်းသန်းကျော်(တောင်ကြီး)