သန်လျင်မြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ပညာရေးစုံညီပွဲတော် ကျင်းပ

ရန်ကုန် ဇန်နဝါရီ ၆

သန်လျင်ခရိုင်၊ သန်လျင်မြို့နယ် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်ကို ယမန်နေ့နံနက် ၉ နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ရတနာရှင်းသန့် ခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ကျောင်းသားကျောင်းသူလေးများက ကြိုဆိုပါသည်စုံညီပွဲတော်သီချင်း သီဆို၍ အခမ်းအနားအား ဖွင့်လှစ်ပြီးမြို့ နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးတင့်နှင့် ခရိုင်ပညာရေးမှူး ဦးစိုးနိုင်တို့က အမှာစကားပြောကြားကာ မြို့နယ်ပညာရေးမှူး ဒေါ်ညွန့်ညွန့်မော်က ပညာရေးစုံညီပွဲကျင်းပရသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ သန်လျင်မြို့နယ်အတွင်းရှိအခြေခံပညာကျောင်းအသီးသီးမှ ဘက်စုံထူးချွန်ဆု ရရှိသူများအား ခရိုင်ပညာရေးမှူး ဦးစိုးနိုင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များ၊ ဌာနဆိုင်ရာများက ဂုဏ်ပြုဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြ သည်။

ထို့နောက် သန်လျင်မြို့နယ် အခြေခံပညာကျောင်းအသီးသီးမှ ကျောင်းသား/ကျောင်းသူလေးများက တေးသရုပ်ဖော်အကများဖြင့် သီဆိုဖျော်ဖြေခဲ့ကြောင်း သိရသည်။

ဖြိုးသီဟ(သန်လျင်)