မချမ်းဘောမြို့နယ်၌ မဲပေးစက်ထပ်မံရှင်းလင်းပြသခြင်းလုပ်ငန်းအား တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

ပူတာအို ဇန်နဝါရီ ၆

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်တွင် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ (၁၁) ရက်နေ့ ရွေးကောက်ပွဲအပိုင်း(၂)ကျင်းပရာတွင် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲရုံမှူး၊ ဒု-မဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များအား မဲပေးစက်ထပ်မံရှင်းလင်းပြသခြင်းလုပ်ငန်းများကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ကျင်းပရာ ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များနှင့် ခရိုင်ရွေး ကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်ဦးဒိန်ရထင်ဗေး၊ ဦးထင်လင်းကျော်နှင့် ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များက မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး၏ဦးဆောင်မှုဖြင့် ၂၀၂၆ ခုနှစ် ဇန်နဝါရီ (၁၁) ရက်နေ့တွင် ရွေးကောက်ပွဲ အပိုင်း(၂)ကျင်းပမည့် မဲရုံများမှ မဲရုံတာဝန်ကျ မဲရုံမှူး၊ ဒု-မဲရုံမှူးနှင့်မဲရုံအဖွဲ့ဝင်များအား မဲပေးစက် ကိုင်သွယ်ပုံကိုင်သွယ်နည်း ထပ်မံရှင်းလင်းပြသနေမှုများနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးအစည်းအဝေးခန်းမ၌ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များအား တွေ့ဆုံပြီး ရွေးကောက်ပွဲနေ့တွင် မဲဆန္ဒရှင်ပြည်သူများ လွတ်လပ်စွာ ဆန္ဒမဲပေးနိုင်ရေးနှင့် ဆက်သွယ်ရေး ပြတ်တောက်မှုမရှိစေရေး သက်ဆိုင်ရာ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအုပ််စု အုပ်ချုပ်ရေးမှူးများနှင့်ချိတ်ဆက်၍ ကြိုတင်စီမံဆောင်ရွက်ထားရှိရေးတို့ကို မှာကြားသည်။

အဆိုပါ မချမ်းဘောမြို့နယ်တွင် ရပ်ကွက်(၄)ရပ်ကွက်၊ ကျေးရွာအုပ်စု(၉)အုပ်စု၊ မဲရုံပေါင်း(၁၄)ရုံတွင် တတိယအကြိမ်အတည်ပြုပြီး မဲဆန္ဒရှင်ပြည်သူ စုစုပေါင်း (၆၄၄၇) ဦးတို့က နိုင်ငံရေးပါတီ (၅) ပါတီအား ဆန္ဒမဲပေးကြမည်ဖြစ်ကြောင်း သိရသည်။

ဖုန်ကန်(ပူတာအို)