မိုးညှင်းမူလတန်းကြိုကျောင်း၌ ကာယစွမ်းရည်ပြိုင်ပွဲများနှင့် ဆုပေးပွဲ ကျင်းပ

မိုးညှင်း            ဇန်နဝါရီ         

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီး ဌာနမှ ဖွင့်လှစ်သည့် ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် ကာယစွမ်းရည်ပြိုင်ပွဲများနှင့် ဆုပေးပွဲအခမ်းအနားကိုယမန်နေ့နံနက်ပိုင်းက  မိုးညှင်းမူလတန်းကြိုကျောင်း၌ ကျင်းပခဲ့သည်။

အဆိုပါ ပြိုင်ပွဲကျင်းပရာတွင် ကျောင်းသားကျောင်းသူများနှင့် လူငယ်လူရွယ်များ ကျန်းမာကြံ့ခိုင်ပြီး ကိုယ်ရည် ကိုယ်သွေးများ ဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ်၍ မိုးညှင်း မူလတန်းကြိုကျောင်းမှ အငယ်တန်း၊ အလတ်တန်းနှင့် အကြီးတန်းမှ ကျောင်းသား ကျောင်းသူလေးအား ရိုးရိုးအပြေးပြိုင်ပွဲ၊ ဇွန်းကိုက်ပြိုင်ပွဲ၊ အာလူးကောက်ပြိုင်ပွဲ၊ အရုပ်ထောင်ပြိုင်ပွဲ၊ အိတ်စွပ်ပြေးပြိုင်ပွဲ၊ ဖားခုန်ပြိုင်ပွဲ၊ စုံခုန်ပြိုင်ပွဲ၊ ကြိုးထိုးပြိုင်ပွဲနှင့် ထိုင်ခုံလုပြိုင်ပွဲစသည့် အားကစားနည်း (၉)မျိုးကို ကျောင်းသား ကျောင်းသူများမှ ပျော်ရွှင်စွာယှဉ်ပြိုင်ကစားခဲ့ကြပြီး ဆုရရှိကြသူများကို တာဝန်ရှိသူများက ဆုများအသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

ရွှေမိုးညှင်း