မိုးကောင်းမြို့နယ် ၂၀၂၅-၂ဝ၂၆ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့်ဆုချီးမြှင့်ပွဲ ကျင်းပ

မိုးကောင်း ဇန်နဝါရီ ၆

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် ၂၀၂၅-၂ဝ၂၆ ပညာသင်နှစ် ပညာရေးစုံညီပွဲနှင့်ဆုချီးမြှင့်ပွဲကို ဇန်နဝါရီ(၄)ရက် နံနက်(၉)နာရီတွင် အ.ထ.က(၂)ကျောင်း ရတနာခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် အ.ထ.က(၂)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက "ပညာပန်းခင်း" တေးသီချင်းဖြင့် သီဆိုဖွင်လှစ်၍ မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသီဟဇော်က အဖွင့်အမှာစကားပြောကြားသည်။

ဆက်လက်၍ (၇၈)ကြိမ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ထက်၊ လယ်၊ မူ စာစီစာကုံး၊ ကဗျာ၊ ပန်းချီဆုရရှိသူများ၊ မြို့နယ်အဆင့် အဆိုအကအရေးအတီး ဆုရရှိသူများ၊ ပြည်နယ်နှင့်ဗဟိုအဆင့် အဆို၊ အက၊ အရေး၊ အတီးဆုရရှိသူများ၊ မီတာ(၈၀၀)၊ အလျားခုန်၊ အမြင့်ခုန်၊ သံလုံးပစ်၊ လှံတံပစ် ရွှေတံဆိပ်ဆုရရှိသူများ၊ အင်္ဂလိပ်နှင့်သင်္ချာစွမ်းရည် မြို့နယ်အဆင့်ဆုရရှိသူများကို တက်ရောက်လာသော မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ တာဝန်ရှိသူများက ဂုဏ်ပြုဆုများအသီးသီးပေးအပ်ကြသည်။

ထို့နောက် မူလွန်-အရှေ့ရပ်ကျောင်းမှ "လက်ပံပွင့်ကောက်'' တေးသီချင်းဖြင့်လည်းကောင်း၊ အ.ထ.က(၁)ကျောင်းမှ ''ကဗျာလွတ်'' အကဖြင့်လည်းကောင်း၊ အ.မ.က-အလယ်ရပ်ကျောင်းမှ ''you are my sonia'' တေးသီချင်းအကဖြင့်လည်းကောင်း၊ အ.လ.က-သူ‌ဌေးကုန်းကျောင်းမှ ''အသီးတစ်ရာအညှာတစ်ခု'' တေးသီချင်းဖြင့်လည်းကောင်း၊ အ.ထ.က-‌နောင်ကိုင်တော် ကျောင်းမှ ''ယိမ်းသမလေး'' သီချင်းဖြင့်လည်းကောင်း ကပြဖျော်ဖြေကြပြီး အ.ထ.က(၁)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက "စုံညီပွဲတော်တို့နွှဲပျော်" တေးသီချင်းသီဆို၍ အခမ်းအနားအောင်မြင်ပြီးမြောက်ခဲ့ကြောင်း သိရသည်။

သန်းလွင်ဦး(ပြန်/ဆက်)