ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး Polytechnic University (Myitkyina) ခရစ္စမတ်ပွဲတော်နှင့် ဝိုင်းမော်မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ခရစ္စမတ်ပွဲတော်သို့ တက်ရောက်အားပေး၊ အခြေခံစားသောက်ကုန်များ ‌ထောက်ပံ့ပေးအပ်

မြစ်ကြီးနား ဒီဇင်ဘာ ၃၁

Polythenic University (Myitkyina) ၂၀၂၅ ခုနှစ်၊ ခရစ္စမတ်ပွဲတော်နှင့် ဝတ်ပြုဆုတောင်းပွဲ အခမ်းအနားကို ဒီဇင်ဘာ ၃၀ ရက် နံနက် ၁၀ နာရီက တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ရာ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင် တက်ရောက်ခဲ့သည်။

ရှေးဦးစွာ ခရစ်တော်မွေးနေ့အထိမ်းအမှတ် ဝတ်ပြုဆုတောင်းပွဲကို အစပြု ဆုတောင်းဆက်ကပ်ခဲ့ကြပြီး ဓမ္မတေးသီချင်းအားသီဆိုကျူးဧခဲ့ကြကာ ပြည်နယ်ဝန်ကြီးက ခရစ်တော်မွေးနေ့ မြတ်အချိန်အခါကာလတွင် ယခုလို Polytechnic University (Myitkyina) ဒုတိယပါမောက္ခချုပ်၊ ဌာနမှူးများ၊ တာဝန်ရှိသူများ၊ ကျောင်းသား/ ကျောင်းသူများနှင့်အတူ အတူတကွ ကျေးဇူးတော်ချီးမွမ်းခွင့်၊ ဆုတောင်းဆက်ကပ်အပ်နှံခွင့် ရရှိသည့်အတွက် ဝမ်းမြောက်ဝမ်းသာဂုဏ်ယူပါကြောင်း ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားသည်။ ယင်းနောက် Polytechnic University (Myitkyina) ဒုတိယပါမောက္ခချုပ် ဒေါက်တာမင်းမင်းဦးက အစီအစဉ် အစ၊ အလယ်၊ အဆုံး ပါဝင်ဆက်ကပ်သူများ အားလုံးအတွက် ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကာ ပြည်နယ်ဝန်ကြီးက တက္ကသိုလ် ခရစ္စမတ်ပွဲတော်အတွက် အလှူငွေကို ဒုတိယပါမောက္ခချုပ် ‌ဒေါက်တာမင်းမင်းဦးထံ ပေးအပ်ခဲ့သည်။

ထိုမှတဆင့် ပြည်နယ်ဝန်ကြီးသည် ဝိုင်းမော်မြို့နယ်၊ စည်ပင်သာယာရေးအဖွဲ့ရုံး၌ ကျင်းပပြုလုပ်သည့် ဝိုင်းမော်မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများ၏မိသားစုခရစ္စမတ်သို့တက်ရောက်ရာ ဦးစွာ ဝိုင်းမော်မြို့နယ် နှစ်ခြင်းအသင်းတော်မှ သိက္ခာတော်ရဆရာမျာနှင့် ဓမ္မဆရာများက ဦးဆောင်ကာ အစီအစဥ်အား ဆုတောင်းဆက်ကပ်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးက ယခုလို ခရစ်တော် မွေးနေ့ အချိန်အခါသမယတွင် ချစ်ခြင်းမေတ္တာများကိုမျှဝေခြင်း၊ အတူတကွပျော်ရွှင် ဝမ်းမြောက်ခွင့်ရခြင်း၊ အခြေခံစားသောက်ကုန်များကို ထောက်ပံ့ပေးအပ်နိုင်ခြင်းအတွက် များစွာဂုဏ်ယူဝမ်းမြောက်ပါကြောင်း ‌ပြောကြားခဲ့ကာ ဝိုင်းမော်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိမှလည်း ကြိုဆိုနှုတ်ခွန်းဆက်စကားနှင့်ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲသည်။၊

ယင်းနောက် သဘာပတိမှ ဦး‌ဆောင်၍ ခရစ္စမတ်သီချင်းများ သီဆိုကျူးဧခြင်း၊ သိက္ခာတော်ရ ဆရာတော်များမှ ကောင်းချီးတောင်းခံခြင်း၊ ခရစ္စမတ်တရားဒေသနာ‌‌ဟောပြော ဝေငှသက်သေခံခြင်းနှင့် စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများက Group Song ဖြင့် တေးသီချင်းများသီဆိုခဲ့ကြပြီး ပြည်နယ်ဝန်ကြီးက ဝန်ထမ်းမိသားစုများအတွက် အခြေခံစားသောက်ကုန်ဖြစ်သည့် ဆန်နှင့်ဆီများအား ‌ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။

ပြည်နယ် (ပြန်/ဆက်)