မချမ်းဘောမြို့နယ်၌ ရွေးကောက်ပွဲနှိုးဆော်ရေး ဒို့အတူတူမဲပေးကြမယ် သတင်းစကားလက်ကမ်းစာစောင်များဖြန့်ဝေ

မချမ်းဘော ဒီဇင်ဘာ ၃၁

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်တွင် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ၌ အသက် ၁၈ နှစ်ပြည့်ပြီး မဲပေးပိုင်ခွင့်ရှိသည့် နိုင်ငံသားတိုင်း၊ မဲပေးပိုင်ခွင့်မဆုံးရှုံးစေရေးနှင့် မဲဆန္ဒရှင်ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရေးအတွက် ရွေးကောက်ပွဲနှိုးဆော်ရေး အသိပညာပေးဒို့အတူတူမဲပေးကြမယ် သတင်းစကားလက်ကမ်းစာစောင်များကို ယမန်နေ့နံနက် ၇ နာရီက မချမ်းဘောမြို့ လူစည်ကားရာနေရာ နံနက်ခင်းစျေးတွင်လည်းကောင်း၊ ညနေ ၃ နာရီက မချမ်းဘောမြို့ အမှတ် (၃) ရပ်ကွက်၊ အမှတ် (၄) ရပ်ကွက်ရှိ မဲဆန္ဒရှင်ပြည်သူများထံ အရောက် အသိပညာပေးဖြန့်ဝေခဲ့ကြောင်း သိရသည်။

အဆိုပါအသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေရာတွင် မချမ်းဘောမြို့ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးတူးဂျာနှင့် ဌာနဆိုင်ရာများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဝန်ထမိးများ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဦးစီးအရာရှိ ဦးမိုးအောင်နှင့်အဖွဲ့ဝင်များက ဒို့အတူတူမဲပေးကြမည်။ ဒီမိုကရေစီကို ပြန်လည်ဖော်ဆောင်ဖို့အတွက် ရွေးကောက်ပွဲမှလွဲ၍ အခြားနည်းမရှိပါ၊ ပြည်သူများလိုလားသည့် ဒီမိုကရေစီနိုင်ငံတော်ကို ရွေးကောက်ပဲဖြင့်သာ ဖော်ဆောင်နိုင်ပါသည်၊ ဒီမိုကရေစီခိုင်မြဲဖို့ မဲရုံသွားပြီးမဲပေးကြပါစို့၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ဖို့ ဦးဆောင်နိုင်သူရွေးချယ်ကြပါစို့”စသည့် ရွေးကောက်ပွဲနှိုးဆော်စာသားပါ အသိပညာပေးသတင်းစကားလက်ကမ်းစာစောင်များကို ပူးပေါင်းဖြန့်ဝေခဲ့ကြကြောင်း သိရသည်။

ယောရွှေနီ(မချမ်းဘော)