မြစ်ကြီးနား ဒီဇင်ဘာ ၃၀
ဒီဇင်ဘာ ၂၈ ရက်နေ့တွင် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ အပိုင်း (၁) ကို မြစ်ကြီးနားမြို့နယ်အတွင်း နံနက် ၆ နာရီက စတင်၍ မဲရုံများဖွင့်လှစ်၍ ပြည်သူများမဲပေးခြင်းကို ကျင်းပပြုလုပ်ခဲ့ကြပြီး ညနေ ၄ နာရီမဲရုံများ ပိတ်သိမ်းချိန်တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ကချင်ပြည်နယ်တာဝန်ခံ ဦးခင်ဇော်သည် မဲရုံများပိတ်သိမ်းနေမှုနှင့် ကြိုတင်ဆန္ဒမဲလက်မှတ်များ ရေတွက်နေမှုအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။
ထိုသို့ ကြည့်ရှုစစ်ဆေးရာတွင် ကချင်ပြည်နယ်တာဝန်ခံသည် မြစ်ကြီးနားမြို့ သီတာရပ်ကွက် အမှတ် (၅) အခြေခံပညာအထက်တန်းကျောင်းတွင် ဖွင့်လှစ်ထားရှိသည့် မဲရုံအမှတ် (၁၅) ၌လည်းကောင်း၊ ဧရာရပ်ကွက် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းတွင် ဖွင့်လှစ်ထားရှိသည့် မဲရုံအမှတ် (၁၁) ၌လည်းကောင်း၊ ရန်ကြီးအောင်ရပ်ကွက် မဲရုံအမှတ် (၉) နှင့် အမှတ်(၁၀)တို့တွင်လည်းကောင်း မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် တာဝန်ကျဝန်ထမ်းများက မဲရုံပိတ်သိမ်းမှုအခြေအနေနှင့် ကြိုတင်ဆန္ဒမဲလက်မှတ်ရေတွက်နေမှုများအား လိုက်လံကြည့်ရှုခဲ့ကြပြီး လုပ်ငန်းစဉ်အတိုင်း စနစ်တကျဆောင်ရွက်နိုင်ရေးနှင့် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး တာဝန်ကျဝန်ထမ်းများအား အားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။
ပြည်နယ် (ပြန်/ဆက်)