မြစ်ကြီးနား ဒီဇင်ဘာ ၂၉
၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ယနေ့နံနက် ၆ နာရီကစတင်ပြီး မဲရုံများဖွင့်လှစ်၍ကျင်းပလျက်ရှိရာ ကချင်ပြည်နယ်အတွင်း ရွေးကောက်ပွဲအပိုင်း (၁) တွင်ပါဝင်သည့် မြစ်ကြီးနားမြို့နယ်အတွင်းရှိ မဲရုံများ၌ ပြည်သူများ ဆန္ဒမဲပေးခြင်းကို တည်ငြိမ်အေးချမ်းစွာ ဆောင် ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ရွေးကောက်ပွဲကို နံနက် ၆ နာရီမှစတင်၍ မြစ်ကြီးနားမြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာအသီးသီးရှိ မဲရုံပေါင်း (၁၀၂) ရုံရှိသည့်အနက် သီတာရပ်ကွက်၊ အမှတ် (၅) အခြေခံပညာ အထက်တန်းကျောင်း၌ ဖွင့်လှစ်ထားသော မဲရုံအမှတ် (၁၅) ၊ ဧရာရပ်ကွက်၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၌ ဖွင့်လှစ်ထားသော မဲရုံအမှတ် (၁၁)၊ အောင်နန်းရိပ်သာရပ်ကွက် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း မဲရုံအမှတ် (၈၉)၊ ရွှေညောင်ပင်ရပ်ကွက် မဲရုံအမှတ် (၈၃)၊ ရမ်ပူ ရပ်ကွက်အတွင်းရှိ မဲရုံအမှတ် (၈၄)၊ (၈၅)၊ (၈၆)နှင့် (၈၇)တို့တွင်လည်းကောင်း၊ စီတာပူရပ်ကွက် အခြေခံပညာအထက်တန်းကျောင်း(စီတာပူ)၌ ဖွင့်လှစ်ထားသော မဲရုံအမှတ်(၁၆)၌ လည်းကောင်း ပြည်သူများအေးချမ်းစွာ မဲပေးလျက်ရှိသည့် မဲရုံတာဝန်ရှိသူများကလည်း စနစ်တကျလွယ်ကူစွာမဲပေးနိုင်ရေးစီမံဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် အလားတူ မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာမဲရုံအသီးသီး၌လည်း ပြည်သူများအေးချမ်းစွာ မဲပေးလျက်ရှိကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)