မြစ်ကြီးနား ဇန်နဝါရီ ၃၁
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်အတွင်းရှိ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင် များအား သားအိမ်ခေါင်းကင်ဆာဆိုင်ရာဗဟုသုတ နားလည်သိရှိမှုအား လေ့လာဆန်းစစ်ခြင်း အခမ်းအနားကို မြစ်ကြီးနားမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ မနောရွှေပြည်ခန်းမ၌ ယနေ့နံနက် ၉ နာရီခွဲက ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ ကချင်ပြည်နယ် မိခင်နှင့်ကလေးကြီးကြပ်မှုစောင့်ရှောက်ရေးအသင်းနာယက၊ ပြည်နယ်ဝန်ကြီးချုပ်၏ဇနီး ဒေါ်နန်ဆိုင်းနှင့် နာယကအဖွဲ့ဝင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ ၏ဇနီးများ၊ ပြည်နယ်မိခင်နှင့်ကလေးကြီးကြပ်မှု စောင့်ရှောက်ရေးအသင်းဝင်များ တက်ရောက် အားပေးခဲ့ကြပြီး၊ ရှေးဦးစွာခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဖြူဖြူသန့်က သားအိမ်ခေါင်းကင်ဆာ ဖြစ်ပွားတတ်သည့် ဖြစ်စဉ်များ၊ ရောဂါအကြောင်းသိကောင်းစရာများ ဆန်းစစ်ချက် မေးခွန်းဆိုင်ရာ အချက်အလက်များကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ကချင်ပြည်နယ် မိခင်နှင့်ကလေးကြီးကြပ်မှု စောင့်ရှောက်ရေးအသင်း နာယက ဒေါ်နန်ဆိုင်းနှင့်အဖွဲ့ဝင်များက ပြည်နယ်/ခရိုင်/မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင် များ သားအိမ်ခေါင်းကင်ဆာဆိုင်ရာဗဟုသုတ နားလည်သိရှိမှုအား လေ့လာဆန်းစစ်ချက် မေးခွန်းလွှာ များ ဖြေဆိုနေမှုကို လိုက်လံကြည့်ရှုအားပေးခဲ့ကြကြောင်းသိရသည်။
ခရိုင်(ပြန်/ဆက်)