ကချင်ပြည်နယ်ဝန်ကြီးချုပ် မနောအိမ်တော်၌ မနောကွင်း သန့်ရှင်းသာယာလှပရေး၊ စိမ်းလန်း စိုပြည်ရေးနှင့် ခြံဝင်းခတ်ပေးနိုင်ရေးတို့အတွက် တိုင်းရင်းသား စာပေယဉ်ကျေးမှု အဖွဲ့ခေါင်းဆောင် များနှင့် တွေ့ဆုံဆွေးနွေး

မြစ်ကြီးနား     သြဂုတ် ၈

ကချင်ပြည်နယ်အတွင်း ကချင်တိုင်းရင်းသားတစ်မျိုးသားလုံးနှင့် သက်ဆိုင်ပြီးဒေသတွင်း အထင်ကရ နေရာတစ်ခုဖြစ်သည့် မြစ်ကြီးနားမြို့ စီတာပူရပ်ကွက် မနောကွင်း သန့်ရှင်းသာယာလှပရေး၊ စိမ်းလန်းစိုပြည်ရေးနှင့် ကချင်အမျိုးသားအားကစားကွင်း (၆၃)ဧကအား ခြံစည်းရိုးခတ်နိုင်ရေး အတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် သြဂုတ် ၈ ရက် နံနက် ၈ နာရီက မနောအိမ်တော်၌ တိုင်းရင်းသားစာပေယဉ်ကျေးမှုအဖွဲ့ ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ကချင်တစ်မျိုးသားလုံးနှင့်သက်ဆိုင်ပြီး ပြည်နယ်၏ အထင်ကရနေရာတစ်ခုဖြစ်သည့် မနောကွင်း သန့်ရှင်းသာယာလှပရေး၊ စိမ်းလန်းစိုပြည် ရေးအတွက် မိမိတို့အားလုံးက ထိန်းသိမ်းကြရမည်ဖြစ်ပါကြောင်း၊ ယနေ့ မြန်မာနိုင်ငံကချင်လူမျိုး ရိုးရာယဉ်ကျေးမှု အသင်းအနေဖြင့် ကချင်တိုင်းရင်းသားမျိုးနွယ်စုများ၏ အချုပ်အဖြစ် စာပေနှင့် ယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်နေသကဲ့သို့ မိမိတို့၏ အထင်ကရအထိမ်းအမှတ်နေရာ များကိုလည်း ထိန်းသိမ်းဆောင်ရွက်နိုင်ရေး လူငယ်များကို လက်ဆင့်ကမ်းဆောင်ရွက်သွားရမည်ဖြစ် ပါကြောင်း၊ ထို့အပြင် မနောကွင်းနှင့် တစ်ဆက်တစ်စပ်တည်း ကချင်အမျိုးသားဥယျာဉ်ခြံဝင်း (၆၃) ဧကကိုလည်း စနစ်တကျတိုင်းတာပြီး ခြံဝင်းခတ်နိုင်ရေး မိမိတို့အစိုးရအနေဖြင့် ပံ့ပိုးကူညီဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း တိုက်တွန်းမှာကြားသည်။

ထို့နောက် ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်က မနောကွင်း သန့်ရှင်းသာယာလှပရေးအတွက် စည်ပင်သာယာရေးအဖွဲ့က ပူးပေါင်းဆောင်ရွက်သွားမည့်အစီ အစဉ်များကို လည်းကောင်း၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်က တိုင်းရင်းသား ရေးရာဝန်ကြီးဌာန ဖွဲ့စည်းဆောင်ရွက်ထားရခြင်း၏ ရည်ရွယ်ချက်များနှင့်ဘဏ္ဍာနှစ်အလိုက် တိုင်းရင်းသားများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်နယ်အစိုးရအဖွဲ့ ရန်ပုံငွေခွဲဝေလျာထား၍ ပံ့ပိုး ကူညီပေးနေမှုအခြေအနေများကို အသီးသီးရှင်းလင်းပြောကြားကြသည်။

ယင်းနောက် မြန်မာနိုင်ငံကချင်လူမျိုးရိုးရာယဉ်ကျေးမှုအသင်း ဥက္ကဋ္ဌ ဦးဇော်မွန်းနော်က မနောကွင်း ထိန်းသိမ်းစောင့်ရှောက်မှု အခြေအနေများ၊ မနောကွင်းဧရိယာတစ်ခုလုံး အခွန်လွတ်မြေ ဂရမ်ရရှိရေး အတွက် ကြိုးပမ်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး တက်ရောက် လာကြသည့် ကချင်မျိုးနွယ်စုများဖြစ်သည့် ဂျိမ်းဖော့၊ လော်ဝေါ်၊ လာချိဒ်၊ ဇိုင်းဝါး၊ လီဆူ၊ ရဝမ် စာပေ နှင့်ယဉ်ကျေးမှု အသင်းအဖွဲ့များမှ တာဝန်ရှိသူများက မနောကွင်း ထိန်းသိမ်းရေးလုပ်ငန်းများ၊ ကွင်း အတွင်းရေ ဝင်ရောက်မှု အခြေအနေနှင့် ခြံစည်းရိုးခတ်နိုင်ရေး ရန်ပုံငွေကောက်ခံရရှိမှု အခြေအနေ များနှင့် လိုအပ်ချက်များ၊ အခက်အခဲများကို အသီးသီးတင်ပြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက မြန်မာနိုင်ငံကချင်လူမျိုးရိုးရာ ယဉ်ကျေးမှုအသင်း ဥက္ကဋ္ဌနှင့် မျိုးနွယ်စု(၆)စုမှ စာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့တာဝန်ရှိသူများထံ ထောက်ပံ့ငွေများကို လည်းကောင်း၊ အသင်းရုံးဝန်ထမ်းများနှင့် ဧည့်ခံရေးအဖွဲ့များအတွက် ထောက်ပံ့ ငွေများကို လည်းကောင်း စုစုပေါင်း ငွေကျပ် (၁၉)သိန်းကို အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်က မနောကွင်းသန့်ရှင်းသာယာလှပရေးနှင့် စိမ်းလန်းစိုပြည်ရေးအတွက် မျိုးနွယ် စုအလိုက် သန့်ရှင်းရေးလုပ်ငန်းများကို ပြည်နယ်အစိုးရအဖွဲ့၊ စည်ပင်သာယာရေးဝန်ထမ်းများနှင့် လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်းဆောင်ရွက်နိုင်ရေးနှင့် မနောကွင်း (၆၃)ဧကကို ခြံစည်းရိုးခတ်ပေး နိုင်ရေးနှင့် မနောကွင်းရေဝပ်သည့်နေရာများ မြေယာပြုပြင်နိုင်ရေး၊ ရေဆင်းကောင်းအောင်ဆောင် ရွက်ရေးတို့အတွက် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပြည်နယ်ပြန်/ဆက်