ကချင်ပြည်နယ်ဝန်ကြီးချုပ် တက္ကသိုလ်ဝင်တန်း ဖြေဆိုအောင်မြင်ခဲ့သော ကျောင်းသား/ ကျောင်းသူများအား ပညာသင်စရိတ်နှင့် ဂုဏ်ပြုချီးမြှင့်၊ စွန့်ပစ်အမှိုက်များ စနစ်တကျ စွန့်ပစ်နိုင်ရေး ညှိနှိုင်းဆွေးနွေး၊ ပဉ္စမအကြိမ် အားကစားသမားများအား လိုက်လံတွေ့ဆုံအားပေးထောက်ပံ့

မြစ်ကြီးနား သြဂုတ် ၅

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ ရခိုင်တိုင်းရင်းသားတို့၏ ရခိုင်စာပေနှင့်ယဉ်ကျေးမှုအဖွဲ့က(၂၀၂၃-၂၀၂၄) ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း ဖြေဆိုအောင်မြင်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူ များအား ပညာသင်စရိတ် ထောက်ပံ့ခြင်းနှင့် ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက မြစ်ကြီးနားမြို့ အေးမြသာယာရပ်ကွက်အတွင်းရှိ အဆိုပါ စာပေနှင့်ယဉ်ကျေးမှုအဖွဲ့ရုံး၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီးတို့ တက်ရောက်အားပေး ချီးမြှင့်ကြသည်။

ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားတွင် ရခိုင်စာပေနှင့်ယဉ်ကျေးမှုအဖွဲ့ ဂုဏ်ထူးဆောင်နာယက၊ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပညာရည်ပြည့်ဝပြီး ထူးချွန်ထက်မြက်သည့် တိုင်းရင်းသား လူငယ် အမြောက်အများ မွေးထုတ်ပေးနိုင်မှသာ မိမိတို့နိုင်ငံ၊ မိမိတို့ပြည်နယ်၏ အနာဂတ် ဖွံ့ဖြိုးတိုး တက်လာမည်ဖြစ်ပါကြောင်း၊ ထို့အပြင် အားကစားဖြင့် ထူးချွန်သော လူငယ်များ ဖြစ်လာစေရေး အတွက် ညီနောင်ရခိုင်တိုင်းရင်းသားများအနေဖြင့် မိမိတို့၏ ရင်သွေးများကို လေ့ကျင့်ပျိုးထောင်ပေး ရန်လိုအပ်ပါကြောင်း၊ ယနေ့ တက္ကသိုလ်ဝင်တန်းကို ထူးချွန်စွာ အောင်မြင်ပြီး ပညာဆက်လက်သင် ကြားကြမည့် သားငယ်သမီးငယ်များအနေဖြင့် မိမိလူမျိုး၏ ဂုဏ်ကို မြှင့်တင်ပေးနိုင်သကဲ့သို့ တိုင်းပြည်အတွက် အားထားရသည့်သူများဖြစ်အောင် ဆက်လက်ကြိုးစားကြရန်လိုကြောင်း အားပေးဂုဏ်ပြုပြောကြားသည်။

ယင်းနောက် ရခိုင်စာပေနှင့်ယဉ်ကျေးမှုအဖွဲ့ဝင် ဆရာဦးစိန်လွင်က ကျောင်းသား/ ကျောင်းသူများ ရှေ့ဆက်ရမည့် ပညာရေးနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးတို့က စာပေနှင့်ယဉ်ကျေးမှုအဖွဲ့အတွက် ထောက်ပံ့ငွေကျပ် ၁၀ သိန်း၊ တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့သည့် ကျောင်းသား/ကျောင်းသူ (၆)ဦးတို့အတွက် ပညာသင်ထောက်ပံ့ကြေးငွေကျပ် (၆)သိန်းကိုလည်း ကောင်း၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး မိသားစုက ထောက်ပံ့ငွေကျပ် (၆)သိန်းကိုလည်း ကောင်း၊ ပြည်နယ်လူမှုရေးရာဝန်ကြီးနှင့် ဇနီး၊ စာပေနှင့် ယဉ်ကျေးမှုအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ က ကျောင်းသား/ ကျောင်းသူများအတွက် ပညာသင် ထောက်ပံ့စရိတ်ချီးမြှင့်ငွေနှင့် ဂုဏ်ပြုမှတ်တမ်း လွှာများကိုလည်းကောင်း အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြရာ ကျောင်းသားတစ်ဦးနှင့် ရခိုင်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့ဥက္ကဋ္ဌတို့က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

ထို့အပြင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ဩဂုတ်လ(၃)ရက်နေ့ မွန်းလွဲ (၁) နာရီက မြို့နယ်စုပေါင်းရုံး မနောရွှေပြည်ခန်းမ၌ မြစ်ကြီးနားမြို့ သန့်ရှင်းသာယာလှပရေးအတွက် စွန့်ပစ်အမှိုက်များ စနစ်တကျ စွန့်ပစ်ရာတွင် အားလုံးက ပူးပေါင်းပါဝင်စေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်သည်။

အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချူပ်က မြို့ပြစနစ် ဖွံ့ဖြိုးတိုးတက် လာသည်နှင့်အမျှ စွန့်ပစ်အမှိုက်များ ပိုမိုများပြားလာသဖြင့် စည်ပင်သာယာရေးအဖွဲ့ တစ်ခုတည်းသာ သန့်ရှင်းသာယာလှပရေး ဆောင်ရွက်ရန် မဟုတ်ဘဲ မိမိတို့အစိုးရအဖွဲ့၊ ဒေသခံပြည်သူများ အားလုံးက ဝိုင်းဝန်းပူးပေါင်း ပါဝင်ကြရမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ တစ်ဦးချင်းစီက အမှိုက်စွန့်ပစ်မှုတွင် စနစ် တကျ ပူးပေါင်းပါဝင်ကြရန် မိမိတို့ သက်ဆိုင်ရာ တာဝန်ရှိသူများက စည်းရုံးဆောင်ရွက်သွားရမည်ဖြစ် ပါကြောင်း၊ ယနေ့ အစည်းအဝေးတွင် ရပ်ကွက်တစ်ခုချင်းစီက ပူးပေါင်းပါဝင်လာစေရေး လိုအပ်ချက် အခက်အခဲများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးပေးကြရန် လိုအပ်ပါကြောင်း တိုက်တွန်းမှာကြားသည်။

ထို့နောက် ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်က စည်ပင်သာယာရေးအဖွဲ့၏ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများနှင့် တစ်ဦးချင်းစီက ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်သည့် အခြေအနေများကို လည်းကောင်း၊ မြို့နယ်အမှုဆောင်အရာရှိ ဦးလှမိုးက မြို့ပြသန့်ရှင်းသာယာလှပ ရေးအတွက် မြို့ပြဆိုင်ရာ အချက်အလက်များ၊ အမှိုက်သိမ်းယာဉ်(၁၀)စီးဖြင့် နေ့စဉ် အမှိုက်တန်ချိန် (၁၅၆)တန် စွန့်ပစ်နေမှု အခြေအနေများ၊ ဝန်ထမ်းအင်အား အခြေအနေနှင့် နေ့စဉ်၊ ရက်ခြားနှင့် အပတ်စဉ် အမှိုက်စုရပ်များနှင့် ရပ်ကွက်များအတွင်း လှည့်လည်အမှိုက်သိမ်းဆည်းမှု အခြေအနေများ၊ ရပ်ကွက်အလိုက် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်မည့် နည်းလမ်းများကိုလည်းကောင်း၊ ဒုတိယအင်ဂျင် နီယာမှူးကြီး ဦးမျိုးဝင်းက နေ့စဉ်အမှိုက်စွန့်ပစ်မှုနှင့် ယာဉ်/ ယန္တရားများဖြင့် နန်ကျင်အမှိုက်ကန်တွင် စွန့်ပစ်အမှိုက်များ စနစ်တကျ စီမံခန့်ခွဲနေမှု အခြေအနေများကိုလည်းကောင်း ရှင်းလင်းတင်ပြကြ သည်။

ထို့နောက် တက်ရောက်လာကြသည့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်/ မြို့နယ် စီမံအုပ် ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ ပိုမိုကောင်းမွန်သော အမှိုက်သိမ်းစနစ်၊ ယာဉ်/ ယန္တရား ပိုမိုဖြည့်ဆည်းပေး ရမည့်ကိစ္စရပ်များနှင့် ရပ်ကွက်အလိုက် ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရေး စည်းရုံးဆောင်ရွက်ရမည့် နည်းလမ်းများကို အသီးသီး အကြံပြုဆွေးနွေးတင်ပြရာ ရပ်ကွက်/ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးက သက်ဆိုင်ရာ ရပ်ကွက်များအလိုက် အမှိုက်စွန့်ပစ်မှု လုပ်ငန်းတွင် ပူးပေါင်းပါဝင်နိုင်ရေး လိုအပ်သည် များ၊ အခက်အခဲများ၊ ပိုမိုကောင်းမွန်သည့် နည်းလမ်းဖြစ်စေရေး ဆွေးနွေးတင်ပြကြသည်။

ဆွေးနွေးတင်ပြမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ပိုမိုကောင်းမွန်သော အမှိုက်သိမ်းစနစ် အကောင်အထည်ဖော်နိုင်ရေး ဖြည့်ဆည်း‌ဆောင်ရွက်ပေးရမည့် ကိစ္စရပ်များနှင့် ဒေသခံပြည်သူများ ပူးပေါင်းပါဝင်လာစေရေး ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအမံများကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက် ပေးခဲ့သည်။

ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်တွင် ဝင်ရောက်ယှဉ်ပြိုင်အောင်မြင်မှုရရှိရေးအတွက် အားကစားနည်း အလိုက် လူ‌ရွေးချယ်ခြင်းနှင့် စခန်းသွင်းလေ့ကျင့်ဆောင်ရွက်နေမှု အခြေအနေများနှင့် စပ်လျဉ်း၍ ရှေးဦးစွာ ဧရာရပ်ကွက်အတွင်းရှိ ပြည်နယ်မိုးလုံလေလုံအားကစားခန်းမ၌ လူငယ်ဖွံ့ဖြိုးတိုးရေး ပွဲတော်တွင် ပါဝင်ဆင်နွှဲနိုင်ရေး တိုင်းရင်းသားယဉ်ကျေးမှုအကကို လေ့ကျင့်လျက်ရှိသည့် အကအဖွဲ့ ၏ လေ့ကျင့်နေမှုကို ကြည့်ရှုအားပေးခဲ့ကြပြီး အကအဖွဲ့အတွက် ထောက်ပံ့ငွေများကို ပေးအပ်ခဲ့ကြ သည်။

ထို့နောက် အဆိုပါ အားကစားကွင်းအတွင်း မနောမြေအားကစားခန်းမ၌ ပဉ္စမအကြိမ် အမျိုးသား အားကစားပွဲတော်တွင် ပါဝင်ယှဉ်ပြိုင်နိုင်ရေး ကရာတေးအားကစားသမားများအား လူရွေး ချယ်ခြင်းနှင့် စခန်းသွင်းလေ့ကျင့်ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို လည်းကောင်း၊ အလား တူ လက်ဝှေ့အားကစားရုံအတွင်း စခန်းသွင်း လေ့ကျင့်ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို လည်းကောင်း အားကစားသမားများနှင့် နည်းပြများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်အားပေးပြီး နည်းပြနှင့် ကစားသမားများအတွက် ထောက်ပံ့ငွေများကို ချီးမြှင့်ပေးအပ်ခဲ့သည်။

ထိုမှတစ်ဆင့် သီတာရပ်ကွက်ရှိ ငြိမ်းချမ်းသာယာအားကစားရပ်ဝန်းအတွင်း ငြိမ်းချမ်းသာယာ ဖူဆယ်အားကစားရုံ၌ တိုင်းဒေသကြီးနှင့်ပြည်နယ် ဖူဆယ်ဘောလုံးပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြ မည့် အသက်(၂၅)နှစ်အောက် အမျိုးသားနှင့် အမျိုးသမီး ဖူဆယ်ဘောလုံးအသင်းများ စခန်းသွင်းလေ့ ကျင့်၍ ခြေစမ်းပွဲယှဉ်ပြိုင်ကစားနေမှု အခြေအနေများကိုလည်းကောင်း၊ မိုးလုံလေလုံကြက်တောင် အားကစားရုံ၌ အမျိုးသားအားကစားပွဲတော် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ကစားသမားများအား စခန်း သွင်း လေ့ကျင့်နေမှု အခြေအနေများကိုလည်းကောင်း၊ အလားတူ ဘောလီဘောအားကစားရုံ၌ အမျိုး သား၊ အမျိုးသမီး ဘော်လီဘောအသင်းတို့ စခန်းသွင်းလေ့ကျင့်နေမှုကို လည်းကောင်း၊ ငြိမ်းချမ်းသာ ယာဘက်စုံသုံးအားကစားခန်းမ (၃)ထပ်အဆောက်အအုံအတွင်း ကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ရေး ခန်းမ၌ လေ့ကျင့်ဆောင်ရွက်နေမှု အခြေအနေများကိုလည်းကောင်း၊ ဘိလိယက်နှင့် စနူကာခန်းမ၌ ပြည်နယ်ဘိလိယက်နှင့်စနူကာကော်မတီက ကြီးမှူး၍ အားကစားသမားများ စခန်းသွင်းလေ့ကျင့် ဆောင်ရွက်နေမှုများကိုလည်းကောင်း၊ ငြိမ်းချမ်းသာယာရေကူးကန်၌ ရေကူးအားကစားသမားများ အား စခန်းသွင်းလေ့ကျင့်နေမှု အခြေအနေများကိုလည်းကောင်း လှည့်လည်ကြည့်ရှုအားပေးခဲ့ကြပြီး အားကစားနည်းအလိုက် နည်းပြများနှင့် အားကစားသမားများအား ထောက်ပံ့ငွေများကို ပေးအပ်ခဲ့ကြကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)