ဗန်းမော်မြို့ Community Centre ခန်းမတွင် (၇၇)နှစ်မြောက်အာဇာနည်းနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ စာအုပ်စာစောင်၊ နံရံကပ်စာစောင်နှင့် ဓါတ်ပုံပြပွဲကျင်းပ

ဗန်းမော် ဇူလိုင် ၁၇

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ကျောင်းသားကျောင်းသူ လူငယ်များအား အာဇာနည်ပုဂ္ဂိုလ်ကြီးများ၏ ဂုဏ်ကျေးဇူးကို အသိအမှတ်ပြု လေးစားကြည်ညိုတတ်စေရန် ရည်ရွယ်၍(၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ စာအုပ်စာစောင်၊ နံရံကပ်စာစောင်နှင့် ဓါတ်ပုံပြပွဲကို ဇူလိုင်လ ၁၅ ရက် နံနက် ၁၀ နာရီက ကျင်းပခဲ့ကြောင်း သိရှိရသည်။

ရှေဦးစွာ ဗန်းမော်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ကျော်ထွန်းက အာဇာနည်နေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းနှင့် အာဇာနည်ပုဂ္ဂိုလ်(၉)ဦး၏ အတ္ထုပ္ပတ္တိအကျဉ်း၊ ကလေးအလုပ်သမားအကြောင်းဆိုင်ရာများ၊ ကလေးစစ်သားအသုံးမပြုရေးတို့ကို ဟောပြောခဲ့သည်။

ဟောပြောပွဲအပြီးတွင် ဗန်းမော်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များ၊ နံရံကပ်စာစောင်များကို တက်ရောက်လာသည့် International Private School ကိုယ်ပိုင်ကျောင်းမှ ကျောင်းသား ကျောင်းသူများနှင့် ဆရာ/ဆရာမများက စိတ်ဝင်စားစွာ လေ့လာကြည့်ရူခဲ့ကြကြောင်း သိရှိရ သည်။

အဆိုပါ စာအုပ်စာစောင်များနှင့် နံရံကပ်စာစောင်ပြသခြင်းကို ပြည်သူများနှင့်ကျောင်းသား ကျောင်းသူများ ဖတ်ရူလေ့လာနိုင်စေရန် နံနက် ၉ နာရီမှ ညနေ့ ၄ နာရီအထိ ပြသထားမည်ဖြစ်ကြောင်း သိရှိရပါသည်။

ရှိုးသီဟ (ပြန်/ဆက်)