ဗန်းမော်မြို့တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ဗန်းမော် ဇူလိုင် ၁၇

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့တွင် ခရိုင်အထွေထွေအုပ်ချူပ်ရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ ကျင်းပပြုလုပ်သော ကလေးသူငယ်အခွင့်အရေးများဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ခရိုင်အထွေထွေအုပ်ချူပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယမန်နေ့ နံနက် ၁၀ နာရီက ကျင်းပခဲ့ကြောင်း သိရှိရပါသည်။

ရှေးဦးစွာ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီဥက္ကဋ္ဌ ဦးအောင်ဇော်လတ်က အဖွင့်အမှာစကားပြောကြားပြီး ဗန်းမော်ခရိုင် လူမှုဝန်ထမ်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝေဝေနိုင်က “ကလေးသူငယ်များ၏အခွင့်အရေးများကို အကောင်အထည်ဖော်ဆောင်ရွက်ရာ တွင် ကလေးသူငယ်များအတွက် အကောင်းဆုံးအကျိုးစီးပွားကို ဥပဒေနှင့်အညီ ရရှိခံစားနိုင်ရေး အတွက် ကာကွယ်စောင့်ရှောက်ပေးရမှာဖြစ်သလို ကလေးသူငယ်များ ဘက်စုံဖွံ့ဖြိုး တိုးတက်ရေး အတွက် အခြေခံကျန်းမာရေး၊ အာဟာရပြည့်ဝရေး၊ ပညာသင်ယူမှု အခွင့်အလမ်းရရှိရေး အပါအဝင် လိုအပ်သောစီမံချက်များချမှတ်ဆောင်ရွက်ရေး၊ လျစ်လျူရှုခြင်း၊ အလွဲသုံးခြင်း၊ ရက်စက်ယုတ်မာခြင်းနှင့်‌ ခေါင်းပုံဖြတ်ခြင်းခံရသော ကလေးသူငယ်များအား နိုင်ငံတော်၊ စေတနာ့ဝန်ထမ်းပုဂ္ဂိုလ်နှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများက ကာကွယ်စောင့်ရှောက်ရမှာ”ဖြစ်ကြောင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြီး ဌာနဆိုင်ရာတာဝန်ရှိသူများ အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

ရှိုးသီဟ (ပြန်/ဆက်)