ရွှေကူ ဇူလိုင် ၁၂
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ၌ ထူးချွန်စွာအောင်မြင်သူများနှင့် ဂုဏ်ထူးရရှိအောင် သင်ကြားပြသပေးသောဆရာ/ဆရာမများအား ဂုဏ်ပြုချီးမြှင့်ပွဲကို ယနေ့နံနက် ၉ နာရီခန့်က အဆိုပါကျောင်း ပညာဂုဏ်ရည်ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါဂုဏ်ပြုချီးမြှင့်ပွဲ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ထွန်းက အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်ပညာရေးမှူး ဒေါ်မြတ်နွယ်က ပညာရည်မြင့်မားရေးနှင့်ပတ်သက်၍ ဂုဏ်ပြု အမှာစကား ပြောကြားပြီးနောက် ဂုဏ်ထူးဖြင့် အောင်မြင်သူများအား တစ်ဘာသာလျှင် (၂၀၀၀ဝိ/) ကျပ်နှစ်သောင်းနှုန်း၊ ရိုးရိုးအောင်မြင်သူ တစ်ဦးလျှင် (၁၀၀၀ဝိ/) ကျပ်တစ်သောင်းနှုန်း၊ ဂုဏ်ထူးရရှိအောင် သင်ကြားပြသပေးသောဆရာ/ ဆရာမ (၁၁) ဦးအား တစ်ဦးလျှင် (၅၀၀၀ဝိ/) ကျပ်ငါးသောင်းနှုန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ထွန်းနှင့် အလှူရှင်တစ်ဦးတို့က ဆရာ/ ဆရာမ(၁၁)ဦးအား တစ်ဦးလျှင် (၁၀၀၀ဝိ/) ကျပ်စီဖြင့် အသီသီး ဂုဏ်ပြုချီးမြှင့်ခဲ့ကြောင်း သိရသည်။
ရွှေကူမြို့နယ် အ-ထ-က(၁)မှ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ၌ ဝင်ရောက်ဖြေဆိုသူ ၁၃၄ ဦးရှိပြီး အောင်မြင်သူ ရာခိုင်နှုန်းအားဖြင့် ၅၅ ဒဿမ ၉၇ အောင်မြင်ခဲ့ကြောင်းနှင့် ဘာသာရပ်အလိုက် (၅) ဘာသာဂုဏ်ထူးရှင်(၁)ဦး ၊ (၄) ဘာသာဂုဏ်ထူးရှင်(၂)ဦး ၊ (၃) ဘာသာဂုဏ် ထူးရှင်(၁)ဦး ၊(၂) ဘာသာဂုဏ်ထူးရှင်(၂)ဦး ၊(၁) ဘာသာဂုဏ်ထူးရှင်(၈)ဦးနှင့်ရိုးရိုးအောင် (၆၁) ဦး စုစုပေါင်း အောင်မြင်သူ (၇၅) ဦး ရှိကြောင်း ကျောင်းအုပ်ဆရာမကြီးထံမှ သိရသည်။
မြို့နယ်၊ပြန်/ဆက်