ဗန်းမော် ဇူလိုင် ၇
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့တွင် မိုးရာသီသစ်ပင်စိုက်ပျိုးပြုစုထိန်းသိမ်းရေး အသိပညာပေးဟောပြောပွဲကို ဇူလိုင်၅ ရက် နံနက် ၉နာရီက အမှတ် (၂) အခြေခံပညာအထက်တန်း ကျောင်း မြညီလာခန်းမတွင် ကျင်းပခဲ့ကြောင်း သိရှိရသည်။
မိုးရာသီသစ်ပင်စိုက်ပျိုးပြုစုထိန်းသိမ်းရေး အသိပညာပေးဟောပြောပွဲတွင် ဗန်းမော်ခရိုင် သစ်တောဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ကိုကို-၁က “သစ်တောများနှင့် ရာသီဥတုပြောင်းလဲမှုလျော့ချရေး”၊ “သစ်တောများမှပေးစွမ်းနိုင်သော အကျိုးကျေးဇူးများ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဗန်းမော်မြို့နယ် ဦးစီးအရာရှိ ဦးဖြိုးဇော်ဟိန်းက “သစ်တော လုပ်ငန်းများနှင့် သစ်တောသစ်ပင်များစိုက်ပျိုးပြုစုထိန်းသိမ်းခြင်း”ခေါင်းစဉ်ဖြင့် လည်းကောင်း အသိပညာပေး ဟောပြောခဲ့ကြပြီး “သစ်တောသစ်ပင်များအား စိုက်ပျိုးခြင်း၊ ပြုစုထိန်းသိမ်းခြင်းအားဖြင့် သစ်တောသစ်ပင်များ၏ အဖိုးတန်အရေးပါမှုကို ပြည်သူလူထုအတွင်း နိုးကြားထကြွသည့် အသိရှင်သန်ထက်မြက်လာစေရန်” ရည်ရွယ်၍ ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
ခရိုင် (ပြန်/ဆက်)