မြစ်ကြီးနား ဇူလိုင် ၄
စွမ်းအင်ဝန်ကြီးဌာန၊ ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ ကချင်ပြည်နယ် ကြီးကြပ်စစ်ဆေးရေးအရာရှိရုံးတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများ၏ သား/ သမီးများနှင့် ရေဘေးသင့်ဝန်ထမ်းမိသားစုများအား အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို မြစ်ကြီးနားမြို့ရှိ အဆိုပါရုံးခန်းမ၌ ယမန်နေ့ နံနက်ပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် စွမ်းအင်ဝန်ကြီးဌာန၊ ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ ကချင်ပြည်နယ်ကြီးကြပ်စစ်ဆေးရေးအရာရှိရုံးမှ ပြည်နယ်ဦးစီးမှူးဦးမင်းမင်းနှင့်တာဝန်ရှိသူများက ဦးစီးဌာနရှိဝန်ထမ်းများ၏ သား/သမီး (၂၁)ဦးအား ဗလာစာအုပ်၊ ခဲတံ၊ ဘောပင်နှင့် အခြားကျောင်းသုံးပစ္စည်းများကိုလည်းကောင်း၊ ရေဘေးသင့်ဝန်ထမ်း(၆)ဦးအား အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ဆားတို့ကိုလည်းကောင်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
ခရိုင်(ပြန်/ဆက်)