ဗန်းမော် ဇွန် ၂၀
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်ဗန်းမော်မြို့၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး လူထုအသိပညာပေး Billboard စိုက်ထူခြင်းအခမ်းအနားကို ဇွန် ၂၀ ရက် နံနက်(၈)နာရီခွဲတွင် ပေါက်ကုန်းရပ်ကွက်ရှိ အ.ထ.က(၁)နှင့် (၂)မီးပွိုင့်လမ်းဆုံ၌ကျင်းပရာ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီးဦးကျော်မင်းခိုင်တက်ရောက်၍ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး လူထုအသိပညာပေး Billboard စိုက်ထူခြင်းအခမ်းအနားတွင် သတ်မှတ်နေရာများ၌ တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်နှင့်ခရိုင်/ မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌများနှင့်အဖွဲ့ဝင်များက ဖဲကြိုးဖြတ်ဖွင့်လှစ်ကြပြီး “ပြည်သူအားလုံးပါဝင်လို့ သန်းခေါင်စာရင်းကောက်ကြစို့” ဟူသောဆောင်ပုဒ်ပါဆိုင်းဘုတ်များအား အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းပေးကြကာ တက်ရောက်လာကြသူများက အမှတ်တရစုပေါင်းမှတ်တမ်းတင်ဓါတ်ပုံများ ရိုက်ကူးခဲ့ကြကြောင်း သိရသည်။
အဆိုပါ အသိပညာပေးဆိုင်းဘုတ်စိုက်ထူကြခြင်းအခမ်းအနားကို ခရိုင်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌဦးဘုန်းမော်မိုး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးအောင်ဇော်လတ်၊ မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်မှသက်ဆိုင်ရာဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ တက်ရောက်ခဲ့ကြကြောင်းနှင့် အခမ်းအနားအပြီးတွင် လမ်းသွားလမ်းလာ မိဘပြည်သူများအား သန်းခေါင်စာရင်းကောက်ယူခြင်းဆိုင်ရာအသိပညာပေး လက်ကမ်းစာစောင်များ သိရှိရပါသည်။
ခရိုင် ပြန် / ဆက်