ဟိုပင်မြို့၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်(အကြို) ပြပွဲ၊ ပြိုင်ပွဲများဆောင်ရွက်

ဟိုပင် ဇွန် ၁၁

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဟိုပင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျောင်းသားပြည်သူများ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်ရည်ရွယ်၍ လစဉ်လတိုင်း ပြပွဲ၊ ပြိုင်ပွဲများ ကျင်းပပေးလျက်ရှိရာ ယနေ့ နံနက် ၁၀ နာရီက အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်(အကြို) ပြပွဲ၊ ပြိုင်ပွဲများ  ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပြပွဲ၊ ပြိုင်ပွဲတွင်  မူးယစ်ဆေးဝါးနှင့်သက်ဆိုင်သည့် စိတ်ကြိုက်ပန်းချီပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲနှင့်  စာဖတ်စွမ်းရည်ပြိုင်ပွဲများကျင်းပရာ တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူလေးများက စိတ်ပါဝင်စားစွာဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

ဆက်လက်၍ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ခင်းကျင်းပြသထားသည့် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေး ရွှေနဒီနံရံကပ်စာစောင်အား  စိတ်ဝင်တစား ဖတ်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

အဆိုပါ ပြပွဲ၊ ပြိုင်ပွဲအခမ်းအနားတွင် ကျောင်းသား၊ ကျောင်းသူများနှင့် မိဘပြည်သူ စုစုပေါင်း (၁၈) ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မိုးသန္တာဦး(ပြန်/ဆက်)