ဆဒုံးမြို့၌ ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ၅၇.၈၉ ရာခိုင်နှုန်းအောင်မြင်

ဆဒုံး ဇွန် ၁၁

၂၀၂၄ ခုနှစ်၊ ဆဒုံးမြို့နယ်မှ တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းကို ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ် အမှတ် (၅) အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့နံနက်ပိုင်းက ထုတ်ပြန်ခဲ့ရာ ကျောင်းသား‌‌၊ ကျောင်းသူ (၁၁) ဦး အောင်မြင်ကြောင်း သိရသည်။

၂၀၂၃ - ၂၀၂၄ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဆဒုံးမြို့အတွင်းမှ ကျောင်းသား၊ ကျောင်းသူ (၁၉) ဦး ဝင်ရောက်ဖြေဆိုခဲ့ရာ နှစ်ဘာသာဂုဏ်ထူးဖြင့် (၁) ဦး၊ တစ်ဘာသာ ဂုဏ်ထူးဖြင့် (၂) ဦးနှင့် ရိုးရိုးအောင်မြင်သူ (၈) ဦး စုစုပေါင်းကျောင်းသား၊ ကျောင်းသူ (၁၁) ဦး အောင်မြင်ပြီး အောင်ချက်ရာခိုင်နှုန်း (၅၇ ဒဿမ ၈၉) ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ခင်မာဝင်း(ဆဒုံး)