တနိုင်းမြို့၌ နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်ပွဲအခမ်းအနား ကျင်းပ

တနိုင်း ဇွန် ၁၀

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့ KBC ဘုရားကျောင်းခန်းမတွင် ဇွန် ၈ ရက် နံနက် ၁၀ နာရီက မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ Biometric ကောက်ယူခြင်းနှင့် ပန်းခင်းစီမံချက်အဆင့် (၃) ဖြင့်ဆောင်ရွက်ပေးခဲ့သော နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်ပွဲအခမ်းအနား ကျင်းပခဲ့သည်။

ရှေးဦးစွာ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ တနိုင်းခရိုင်ဦးစီးမှူး၊ ဒုတိယညွှန်ကြားရေးမှူး ဦးခင်မောင်သန်းက Biometric ကောက်ယူခြင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား၊ အိမ်ထောင်စုလူဦးရေစာရင်းဆိုင်ရာကိစ္စများနှင့်ပတ်သက်၍ ပြည်သူများသိရှိလိုက်နာသင့်သည်များကို ရှင်းလင်းပြောကြားပြီး သက်ဆိုင်ရာတာဝန်ရှိသူများက အသက်(၁၀) နှစ်နှင့် အသက် (၁၈) နှစ်ပြည့်ပြီးသူ ကျား (၄၄) ဦးနှင့် မ (၄၅) ဦးတို့အား ပန်းခင်းစီမံချက်အဆင့် (၃) အရ ကွင်းဆင်းဆောင်ရွက်ပြီးသော နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ပေးအပ်ခဲ့သည်။

နေလင်းထူး(ပြန်/ဆက်)