မိုးညှင်း မေ ၂၇
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့တွင် သစ်တောသစ်ပင်နှင့် ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းရေး ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက်(၉)နာရီက အမှတ်(၃) အခြေခံပညာအထက်တန်း ကျောင်းရတနာခန်းမ၌ ကျင်းပသည်။
ထိုသို့ ကျင်းပရာတွင် မြစ်ကြီးနားခရိုင် သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစောဂျင်မီနီဟက်စ်လပ်ခ်က သစ်တောနှင့် ဇီဝမျိုးစုံမျိုးကွဲများဆိုင်ရာ အသိပညာရပ်များ၊ သစ်တော များနှင့် ရေဝေရေလဲဒေသများ ထိန်းသိမ်းရေးဆိုင်ရာများကိုလည်းကောင်း၊ မိုးညှင်းမြို့နယ် သစ်တော ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဇော်ကိုကိုဝင်းက သစ်တောများနှင့် ရာသီဥတုပြောင်းလဲမှုလျှော့ချ နိုင်ရေး၊ သစ်တောများမှ ပေးစွမ်းနိုင်သော အကျိုးကျေးဇူးများစသည့် အကြောင်းအရာများကို ဟောပြောကြရာ တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များအား မေးမြန်းဆွေးနွေးကြပြီး ၎င်းမေးမြန်းဆွေးနွေးမှုအပေါ် တာဝန်ရှိသူများက ပြန်လည်ဖြည့်စွက် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဆက်လက်၍ အသိပညာပေးဟောပွဲသို့ တက်ရောက်လာကြသူများက မြို့မသစ်တော ပျိုးဥယျာဉ်သို့ သွားရောက်လေ့လာကြရာ မြို့နယ်ဦးစီးမှူးက ပျိုးဥယျာဉ်တွင် ဒေသရေမြေရာသီဥတုနှင့် ကိုက်ညီ သည့် ပျိုးပင်မျိုးစိတ်များ စိုက်ပျိုးထားရှိမှုအခြေအနေများနှင့် ပျိုးပင်အမျိုး အမည်များကို ရှင်းလင်း ပြသပြီး ကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်တစား လေ့လာကြည့်ရှုခဲ့ကြကြောင်းနှင့် ပျိုးပင် များကို ကျောင်းသား၊ ကျောင်းသူများအား ပေးဝေခဲ့ကြကြောင်း သိရသည်။
ရွှေမိုးညှင်း