မြစ်ကြီးနား မေ ၂၇
မြန်မာနိုင်ငံ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၏ (၃၃) ကြိမ်မြောက် နှစ်ပတ်လည် အစည်းအဝေးတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့များ၏ ကဏ္ဍကြီး(၄)ရပ် လှုပ်ရှားမှုအတွက် ကဏ္ဍအလိုက်ထူးချွန်ဆုများကို ပေးအပ်ချီးမြှင့်ခဲ့ရာ ကချင်ပြည်နယ်အနေဖြင့် စီးပွားရေးကဏ္ဍ လှုပ်ရှားမှုအတွက် ပထမဆုကို ရရှိခဲ့ပြီး မေ ၂၅ ရက် ည ၇ နာရီက မြစ်ကြီးနားမြို့သို့ ပြန်လည်ရောက်ရှိရာ လေဆိပ်၌ ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။
ထိုသို့ ဂုဏ်ပြုကြိုဆိုရာတွင် မြစ်ကြီးနားလေဆိပ်၌ ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နာယက၊ ပြည်နယ်ဝန်ကြီးချုပ်၏ ဇနီးဒေါ်နန်ဆိုင်း၊ ဥက္ကဋ္ဌ ဒေါ်လွင်လွင်မော်နှင့် အဖွဲ့ဝင်အား ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြည်နယ်အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နာယကများနှင့် အဖွဲ့ဝင်များ၊ အေရိုးဗစ်အဖွဲ့များ၊ တိုင်းရင်းသား ရိုးရာယဉ်ကျေးမှုအဖွဲ့များ၊ ဘင်ခရာ၊ ပန်းပွားအဖွဲ့များ၊ ခရိုင်/ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အရာထမ်း/ အမှုထမ်းများက စည်ကားသိုက်မြိုက်စွာ ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။
ထို့နောက် လေဆိပ်ဧည့်ခန်းမဆောင်၌ နာယက၊ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား ပြည်နယ်ဝန်ကြီးချုပ်က တိုင်းဒေသကြီးနှင့် ပြည်နယ်မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဝင်များ၏ ပညာရေး၊ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေးစသည့် ကဏ္ဍကြီး(၄)ရပ် လှုပ်ရှားမှုအတွက် ကဏ္ဍအလိုက် ထူးချွန်းဆုများတွင် ပြည်နယ်အဖွဲ့အနေဖြင့် စီးပွားရေးကဏ္ဍလှုပ်ရှားမှု ပထမဆုကို ရရှိခဲ့သည့်အတွက် အထူးပင်ဝမ်းမြောက်ဂုဏ်ယူပါကြောင်း၊ ထို့အပြင် ရှေ့အနာဂတ်တွင်လည်း နိုင်ငံတော်တည်ဆောက်ရေးနှင့် ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ယခုလိုလက်တွဲညီညီ ကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း ဂုဏ်ပြုစကားပြောကြားပြီး ပြည်နယ်မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီး ကြပ်ကြပ်ရေးအဖွဲ့နာယကနှင့် ဥက္ကဋ္ဌတို့က ဘင်ခရာ၊ ပန်းပွားအဖွဲ့များနှင့် တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များအတွက် ချီးမြှင့်ထောက်ပံ့ငွေများကို ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ထို့အတူ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးတို့သည် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးတို့နှင့်အတူ မြစ်ကြီးနားမြို့ကုတင် - ၅၀၀ ဆံ့ပြည်သူ့ဆေးရုံကြီး (၃)ထပ်လူနာဆောင် ခွဲစိတ်ကုသဆောင်နှင့် အရိုးခွဲစိတ်ကုသဆောင်တို့တွင် နယ်မြေမတည်ငြိမ်မှုဖြစ်စဉ်များကြောင့် ထိခိုက်ဒဏ်ရာရခဲ့သည့် လူနာများအား သွားရောက်တွေ့ဆုံအားပေးပြီး ထောက်ပံ့ငွေများကို ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။
ပြည်နယ်ပြန်/ဆက်