မြစ်ကြီးနားမြို့၌ အခြေခံအင်္ဂလိပ်စာ (Grammar) နှင့် ကွန်ပျူတာသင်တန်းဆင်းပွဲ ကျင်းပ

မြစ်ကြီးနား မေ ၂

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ကြီးမှုးဖွင့်လှစ်သည့် အခြေခံအင်္ဂလိပ်စာ (Grammar) နှင့် ကွန်ပျူတာသင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီခွဲက မြစ်ကြီးနားမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ဘက်စုံသုံးခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ကချင်ပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှုး ဦးအောင်သူက အဖွင့်အမှာစကားပြောကြားပြီး တာဝန်ရှိသူများက သင်တန်းနည်းပြများအား ဂုဏ်ပြုမှတ်တမ်းလွှာများနှင့် ဂုဏ်ပြုငွေကျပ်များ ပေးအပ်ချီးမြှင့်ခဲ့သည်။

ထို့နောက် အင်္ဂလိပ်စာ (Grammar) နှင့် ကွန်ပျူတာသင်တန်းတွင် ပထမ၊ ဒုတိယ၊ တတိယ ရရှိသူများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဆုငွေများ ပေးအပ်ချီးမြှင့်ပြီး သင်တန်းဆင်းလက်မှတ်များ ဆက်လက်ချီးမြှင့်ခဲ့သည်။

ထို့နောက် မြစ်ကြီးနားခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှူး ဦးကျော်ထက်က ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပြီး အဆိုပါသင်တန်းများကို ဧပြီ ၂၄ ရက်မှ မေ ၂၅ ရက်နေ့အထိ ၁ လကြာ ဖွင့်လှစ်ခဲ့ပြီး သင်တန်းသို့ သင်တန်းသား/ သူ (၄၀) ဦး  တက်ရောက်ခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)