မိုးညှင်းမြို့၌ ၂၀၂၄ ခုနှစ် မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

မိုးညှင်း  မေ  ၂၅

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် မြို့နယ်သစ်တောဦးစီးဌာန၏အစီအစဉ်ဖြင့် ၂၀၂၄ ခုနှစ် မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် (၈)နာရီက အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း (မိုးညှင်း)၌ ကျင်းပကြောင်း သိရသည်။

ထိုသို့ စိုက်ပျိုးကြရာတွင် ကျောင်းပတ်ဝန်းကျင်စိမ်းလန်းစိုပြည်စေရန်၊ သစ်တောပြုန်းတီးခြင်းမှ ကာကွယ်စေရန်နှင့် လေကောင်းလေသန့်များရရှိစေရန်ရည်ရွယ်၍ မြို့နယ်သစ်တောဦးစီးဌာနမှ သစ်ပင်စိုက်ပျိုးပွဲကို နှစ်စဉ်ကျင်းပလျက်ရှိရာ အမြင့်နှစ်ပေအထက်ရှိသော အရိပ်ရနှစ်ရှည်အပင်များဖြစ်သည့် ကျွန်းပင် (၂၅၀)၊ ပျဉ်းကတိုးပင် (၅၅၀)၊ မဟော်ဂနီ (၃၅၀)၊ ခရေပင် (၃၅၀)၊ ကံ့ကော်ပင် (၃၅၀)၊ ပျဉ်းမပင် (၂၈၀)နှင့် ငါးပေါက်ပင် (၁၂၀) စုစုပေါင်းပျိုးပင် (၂၂၅၀)တို့ကို တက်ရောက်လာကြသည့် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့်အဖွဲ့ဝင်များ၊ မြို့နယ်သစ်တောဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဇော်ကိုကိုဝင်းနှင့်ဝန်ထမ်းများ၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၊ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း(မိုးညှင်း)မှ ကျောင်းအုပ်ဆရာကြီး ဦးဆောင်သည့် ဆရာ/ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက သတ်မှတ်နေရာများတွင် တစ်ပျော်တစ်ပါး စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

ရွှေမိုးညှင်း