မိုးကောင်းမြို့၌ ၂၀၂၄ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေပေးအပ်

မိုးကောင်း မေ ၂၁

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မိုးရာသီစိုက်ပျိုးစရိတ်များကို ယနေ့နံနက် (၁၁) နာရီအချိန်က ညောင်ကုန်းကျေးရွာသို့ ထုတ်ချေးပေးကြောင်း သိရသည်။

အဆိုပါချေးငွေထုတ်ချေးရာတွင် မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မန်နေဂျာ ဒေါ်မြတ်နွဲ့သန်းက အဖွင့်အမှာစကားပြောကြားပြီး ကြီးကြပ်ရေးမှူး ဒေါ်ညိုညိုအောင်က သီးနှံအာမခံကိစ္စရပ်များနှင့်ပတ်သက်၍ ထပ်ဆင့်ရှင်းလင်းသည်။

ဆက်လက်၍ မြို့နယ်ဘဏ်ခွဲမှ ညောင်းကုန်းကျေးရွာသို့ လူဦးရေ(၁၈)ဦး၏ စပါးဧက(၁၃၈) ဧကအတွက် ချေးငွေကျပ်(၂၀၇)သိန်းကို တောင်သူလယ်သမားထံသို့လက်ဝယ်အရောက် ထုတ်ချေး ပေးကြောင်း သိရသည်။

အလားတူ မိုးကောင်းမြို့နယ်၊ ဖားကန့်မြို့နယ်နှင့် တနိုင်းမြို့နယ်ရှိ တောင်သူ(၄၉၆၅)ဦး၏ စပါးစိုက်ဧက(၄၁၅၂၀)အတွက် ချေးငွေကျပ်(၆၂၂၈၀)သိန်း လျာထားပြည့်မီအောင် ဆက်လက် ထုတ်‌ချေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သန်းလွင်ဦး(ပြန်/ဆက်)