နောင်မွန်း မေ ၂၁
ကချင်ပြည်နယ်၊ ပူတာအိုခရိုင် နောင်မွန်းမြို့နယ်တွင် “ပူတာအိုဒေသဝမ်းစာဖူလုံဖို့ဒီ(၃)နှစ်မှာ ကြိုးစား စို့"ဆိုသည့်ဆောင်ပုဒ်နှင့်အညီ ပြည်နယ်အစိုးရ၏အစီအစဉ်ဖြင့် တောင်သူများ၏လယ်ယာ လုပ်ငန်းအဆင် ပြေချောမွေ့စွာလုပ်ကိုင်နိုင်စေရေးအတွက် စက်သုံးဆီ(ပရီမီယံဒီဇယ်)များ ဈေးနှုန်းချိုသာ၏စွာဖြင့် မေလ၂၁ ရက် နံနက် ၁၀နာရီမှစတင်ပြီး ဖြန့်ဖြူးပေးလျက်ရှိကြောင်း သိရသည်။
နောင်မွန်းမြို့နယ်တွင် စိုက်ပျိုးတောင်သူများ၏လယ်ဧကပေါင်း(၃၀၀၀)ဧကရှိရာ တစ်ဧကကို စက်သုံးဆီ ၂.၇လီတာ(၀.၆ဂါလံ)နှုန်း တစ်ဂါလံကိုသယ်ယူစရိတ်အပါကျပ် ၁၆၀၀၀နှုန်းဖြင့် စိုက်ပျိုးတောင် သူအယောက် တိုင်းအားထုတ်ပေးလျက်ရှိပြီး လက်ရှိနောင်မွန်းမြို့နယ်ဒေသပေါက်ဈေးဒီဇယ်တစ်ဂါလံလျှင် ၈၀၀၀၀ကျပ်ရှိ ကြောင်းသိရသည်။
အဆိုပါစက်သုံး(ပရီမီယံဒီဇယ်)များကို မြို့နယ်စက်သုံးဆီဖြန့်ဖြူးရေး ကြီးကြပ်မှုကော်မတီ၏ အနီးကပ်ကြပ်မတ်မှုဖြင့် ရပ်ကွက်/ကျေးရွာစက်သုံးဆီဖြန့်ဖြူးရေး ကြီးကြပ်မှုကော်မတီများမှတစ်ဆင့် တောင်သူများ၏ လက်ဝယ်အရောက်ဖြန့်ဖြူးရောင်းချပေးသွားမည်ဖြစ်သည်။ နောင်မွန်း မြို့နယ်တွင်လမ်းပန်းဆက်သွယ်ရေး အခြေအနေကြောင့် စက်သုံးဆီဈေးနှုန်းများနှင့် ဆန်၊ဆီ၊ ဆားစသဖြင့် အခြေခံစားသောက်ကုန်ဈေးနှုန်းများ အဆမတန်မြှင့်တက်လျက်ရှိကြောင်း သတင်း ရရှိသည်။
မြို့နယ်(ပြန်/ဆက်)