ပူတာအိုမြို့နယ်သစ်တောဦးစီးဌာန၌ ၂၀၂၄-၂၀၂၅ဘဏ္ဍာရေးနှစ် လူထုဖြန့် မိုးရာသီသစ်ပင် စိုက်ပျိုးရန်ပျိုးပင်ပေါင်း(၁၉၄၀၀)ပင်ပျိုးထောင်ထားရှိ

ပူတာအို   မေ   ၁၆

ကချင်ပြည်နယ်၊ပူတာအိုမြို့နယ်သစ်တောဦးစီးဌာနအနေဖြင့် ၂၀၂၄-၂၀၂၅ဘဏ္ဍာရေးနှစ် ၂၀၂၄-ခုနှစ် မိုးရာသီအကြိုနှင့်မိုးရာသီအတွင်း ဒေသစိမ်းလန်းစိုပြေရေးအတွက် သစ်ပင်များစိုက်ပျိုး နိုင်ရန်ရည်ရွယ်၍ မြို့မပျိုးဉယျာဉ်နှင့်ရုံးတွင်းပျိုးဉယျာဉ်နှစ်နေရာတွင် ပျိုးပင်ပေါင်း(၁၉၄၀၀) ပင်ပျိုးထောင်ထားရှိကြောင်း ပူတာအိုမြို့နယ်သစ်တောဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစောဖန်းအောင် ထံမှသိရသည်။

၂၀၂၄-ခုနှစ် မိုးရာသီအကြိုနှင့်မိုးရာသီအတွင်း လူထုဖြန့်စိုက်ပျိုးနိုင်ရန်အတွက် ပျိုးထောင် ထားရှိသော ပျိုးပင်များမှာ တောင်တမာ၊ ရေပိတုန်း၊ သစ်အယ်၊ လောက်ယား၊ ကြေးလံ၊ ပျဉ်းကတိုး၊ စကားဝါ၊ ယမနေ၊ ဆူးထင်း ရှူး၊ကံ့ကော်စသည့် သစ်မျိုးတစ်ဆယ်မျိုးပျိုးပင် အရေအတွက်(၁၉၄၀၀)ပင်ပျိုးထောင်ထားရှိပြီး ၎င်းပျိုးပင်များကို ဆာရ်ခွမ်ဒမ်းကျေး ရွာဧရိယာအတွင်း ဒေသခံပြည်သူများထင်းလောင်စာအတွက် နှစ်ဧက၊ ၂၀၂၄ ခုနှစ် မိုးရာသီအကြိုနှင့် မိုးရာသီအတွင်း သစ်ပင်စိုက်ပွဲတော်လေးကြိမ်၊ လမ်းဦးစီးဌာန၊ ကျေးလက်လမ်းဦးစီးဌာနနှင့် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနတို့၏ လမ်းဘေးဝဲ/ ယာ၊ ဌာနဆိုင်ရာများ/ တပ်ရင်းတပ်ဖွဲ့များ နှင့်ဒေသခံပြည်သူလူထုများ ထံဖြန့်ဝေစိုက်ပျိုး သွားမည်ဖြစ် ကြောင်းသိရသည်။

ပူတာအိုမြို့နယ်အနေဖြင့် ပျိုးပင်ပေါင်း(၄၀၀)ကို မေလ(၁)ရက်နေ့တွင် မိုးရာသီအကြို ပထမအကြိမ် စိုက်ပျိုးနိုင်ခဲ့ပြီး မိုးရာသီအကြိုသစ်ပင်စိုက်ပျိုးပွဲတော်တွင် ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်နှင့် ပြည်နယ်/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံပြည်သူများ တက်ရောက် စိုက်ပျိုးခဲ့ကြောင်းသိရသည်။

အဆိုပါသစ်ပင်များကို ဒေသစိမ်းလန်းစိုပြေလာစေရေးနှင့် သစ်တောဖုံးလွမ်းမှုပိုမို တိုးတက်ကောင်းမွန် လာစေရေးတို့ကိုအထောက်အကူပြုစေရန်၊ ဒေသခံပြည်သူလူထု၏ ထင်းလောင်စာနှင့် အခြေခံသစ်တောထွက် ပစ္စည်းလိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရန်၊ ရာသီဉတုညီညွတ် မျှတစေရန်နှင့် သဘာဝဘေးအန္တရာယ်လျော့ နည်းသက်သာစေရန်၊ လက်ရှိသဘာဝ ပတ်ဝန်းကျင်ကို ပိုမိုကောင်းမွန်စေပြီး ဂေဟစနစ်ထိန်းညှိရန်စသည့်ရည်ရွယ်ချက်များဖြင့် ပျိုးဉယျာဉ်တည်ထောင်ကာ စိုက်ပျိုးခြင်းလုပ်ငန်းများကို နှစ်စဉ်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

ဖုန်ကန်(ပူတာအို)