မိုးကောင်း မေ ၁၃
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ စာစီစာကုံးရေးသားနည်းသင်တန်းကို မေလ(၁၃)ရက် မွန်းတည့်(၁၂)နာရီတွင် ကျင်းပသည်။
ကျောင်းသား/ ကျောင်းသူများအနေဖြင့် နွေရာသီကျောင်းပိတ်ရက်တွင်အချိန်ကို အကျိုးရှိစွာအသုံးချတတ်စေရန်နှင့် စာစီစာကုံးရေးသားရာတွင် နည်းစနစ်တကျရေးသာတတ်စေရန်အတွက် သင်တန်းဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။
သင်တန်းတွင် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိ ဒေါ်ဖြိုးဖြိုးကြိုင်က သင်တန်းနှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားပြီး သင်တန်းဆရာမ ဒေါ်နန်းမြမြမိုးက စာစီစာကုံးရေးသားနည်းပညာရပ်များကို သင်ကြားပို့ချသည်။
အဆိုပါသင်တန်းကို မေလ(၁၃)ရက်မှ (၁၇)ရက်ထိ မွန်းတည့်(၁၂)နာရီမှ နေ့လယ်(၁)နာရီထိ ဖွင့်လှစ်သင်ကြားမည်ဖြစ်ပြီး Grade-5 မှ Grade-10 ထိကျောင်းသား၊ ကျောင်းသူ(၄၃)ဦး တက်ရောက်ကြောင်း သိရသည်။
သန်းလွင်ဦး(ပြန်/ဆက်)