ဟိုပင် မေလ ၁၃
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဟိုပင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် မေလ ၁၃ ရက် နံနက် ၁၀ နာရီက ပြပွဲ၊ ပြိုင်ပွဲများကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ပြပွဲ၊ ပြိုင်ပွဲတွင် စိတ်ကြိုက်ပန်းချီပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲနှင့် စာဖတ်စွမ်းရည် ပြိုင်ပွဲများကျင်းပရာ တက်ရောက်လာကြသည့် ကျောင်းသားကျောင်းသူလေးများက စိတ်ပါဝင်စားစွာဖြင့် ဝင်ရောက်ယဉ်ပြိုင်ခဲ့ကြသည်။
ဆက်လက်၍ ထိုင်ခုံလုပြိုင်ပွဲနှင့် စာလုံးပေါင်းသတ်ပုံအမှန်ရေးပြိုင်ပွဲများ ကျင်းပခဲ့ပြီး အခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ခင်းကျင်းပြသထားသည့် ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး ရွှေနဒီနံရံကပ်စာစောင်အား ကျောင်းသား၊ ကျောင်းသူများနှင့် မိဘပြည်သူများက စိတ်ဝင်တစား ဖတ်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
အဆိုပါ ပြပွဲ၊ ပြိုင်ပွဲ အခမ်းအနားတွင် ကျောင်းသားကျောင်းသူများနှင့် မိဘပြည်သူ စုစုပေါင်း(၂၀)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မိုးသန္တာဦး(ပြန်/ဆက်)