မိုးကောင်း မတ် ၁၇
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့ ရွှေသွေးမူကြိုကျောင်းဆင်းပွဲကို အရှေ့ရပ်ကွက်ဓမ္မာရုံ၌ ယနေ့နံနက် (၉) နာရီတွင် ကျင်းပသည်။
အခမ်းအနားတွင် ရွှေသွေးမူကြို ကျောင်းသား၊ ကျောင်းသူများက နိုင်ငံတော်တေးသီချင်းဖြင့် သီဆိုဖွင့်လှစ်၍ ကျောင်းအုပ်ဆရာမကြီးက ကျောင်းဆင်းပွဲနှင့်ပတ်သက်၍ ပြောကြားပြီး ကျောင်းဆင်းမည့်မူကြိုကလေးများကို ကျောင်းဆင်းလက်မှတ်များ ပေးအပ်ကြသည်။
ဆက်လက်၍ မူကြိုရင်သွေးငယ်များက လိမ္မာတဲ့ကလေးလေးခေါင်းစဉ်ဖြင့် ကဗျာရွတ်ယဉ်ပြိုင်ကြပြီး Sha la la in the morning ၊ နှုတ်ဆက်ပါတယ်၊ Boom Boom Boom၊ လှုပ်လှုပ်လှုပ်၊ I Like to move it ၊ ဗုံဗုံဗုံ၊ တောင်ယာဝင်ချိန်၊ မမကိုယ်တိုင်က တေးသီချင်းများဖြင့် ကပြဖျော်ဖြေကြသည်။
ထို့နောက် မူကြိုရင်သွေးငယ်များမှ Model Show ဖြင့်လည်းကောင်း၊ ကျောင်းသား၊ ကျောင်းသူမိခင်များမှ သင်္ကြန်တေးသီချင်းဖြင့်လည်းကောင်း ဧည့်ခံဖျော်ဖြေခဲ့ကြောင်း သိရသည်။
သန်းလွင်ဦး (ပြန်/ဆက်)