ကချင်ပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးတွင် ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ရူပဗေဒနှင့် သမိုင်းဘာသာရပ်ဆက်လက်ဖြေဆို

မြစ်ကြီးနား မတ် ၁၅

၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၁၁ ရက်နေ့မှ စတင်ကျင်းပလျက်ရှိရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာ အထက်တန်းကျောင်းများရှိ စာစစ်ဌာန အသီးသီးတွင် ကျောင်းသား၊ ကျောင်းသူများသည် ပဉ္စမနေ့ ရူပဗေဒနှင့် သမိုင်းဘာသာရပ်ကို စတင်ဖြေဆိုလျက်ရှိသည်။

ကချင်ပြည်နယ်အတွင်းရှိ မြို့နယ်များဖြစ်သည့် ဗန်းမော်မြို့နယ်တွင် ဝင်ရောက်ဖြေဆိုသူ (၁၀၁၂) ဦး၊ မံစီမြို့နယ်တွင် ဖြေဆိုသူ စုစုပေါင်း (၁၁၇) ဦးရှိပြီး ဖြေဆိုမှု (၉၇.၂) ရာခိုင်နှုန်း၊ တနိုင်းမြို့နယ်တွင် ဖြေဆိုသူ စုစုပေါင်း (၃၄၃) ဦး၊ မိုးကောင်းမြို့နယ်တွင် ဖြေဆိုသူ စုစုပေါင်း (၅၃၉) ဦးရှိပြီး ဖြေဆိုမှု (၉၃.၈) ရာခိုင်နှုန်းဖြင့် ဝင်ရောက်ဖြေဆိုလျက်ရှကြောင်း သက်ဆိုင်ရာ မြို့နယ်ပညာရေးမှူးရုံးများမှ သိရသည်။

ယင်းသို့ ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေးအတွက် ကျောင်းဝင်း အတွင်းနှင့် အပြင်များတွင် သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များက စနစ်တကျစောင့်ကြပ်ကြည့်ရှုပေးလျက်ရှိကာ တာဝန်ရှိသူများကလည်း သွားရောက် ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။