ပူတာအို မတ် ၁၅
ကချင်ပြည်နယ်၊ပူတာအိုမြို့တွင် ၂၀၂၄ ခုနှစ် မတ်လ (၂၇) ရက်နေ့တွင် ကျရောက်မည့် (၇၉) နှစ် မြောက်တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို မတ် (၁၅) ရက် နံနက် (၁၁) နာရီခွဲက ပူတာအိုမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ဖြန့်ဝေသည်။
လက်ကမ်းစာစောင်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဉက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မမင်းအောင်လှိုင် ၂၇.၃.၂၀၂၃ ရက်နေ့ (၇၈) နှစ် မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနား၌ ပြောကြားသည့် မိန့်ခွန်းမှကောက်နုတ်ချက် ၊ (၇၉) နှစ်မြောက် တပ်မတော်နေ့ဦးတည်ချက်များ၊ ပြည်သူ့စစ်မှုထမ်းဉပဒေအကြောင်း သိကောင်းစရာများနှင့် ဆောင်းပါး၊ ကဗျာ၊ ဆောင်ပုဒ်များ ထည့်သွင်းထုတ်ဝေထားကြောင်း သိရသည်။
အဆိုပါ သတင်းစကားလက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ခရိုင်ဦးစီးမှူးဒေါ်ခင်သူဇာ၊ ဦးစီးအရာရှိ ဦးစိုးမိုးနိုင်နှင့်ဝန်ထမ်းများက ပူတာအိုစာစစ်ဌာနတွင် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပဉ္ဓမနေ့ဖြေဆိုကြသည့် ကျောင်းသားကျောင်းသူများအား သတင်းစကားလက် ကမ်းစောင်စုစုပေါင်းစောင်ရေ (၁၀၀) ကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)