မြစ်ကြီးနားမြို့၌ မူးယစ်ဆေးဝါးနှင့် လူကုန်ကူးမှုဆိုင်ရာ ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ

မြစ်ကြီးနား မတ် ၁၃

ကချင်ပြည်နယ်အတွင်း မူးယစ်ဆေးဝါးနှင့် လူကုန်ကူးမှုဆိုင်ရာ ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲများကို သက်ဆိုင်ရာရဲတပ်ဖွဲ့စုများက ကွင်းဆင်းအသိပညာပေး ဟောပြောခြင်းများကို ဆောင်ရွက်လျက်ရှိရာ မတ် ၁၂ ရက် နံနက် ၁၀ နာရီက မြစ်ကြီးနားမြို့ ဒူကထောင်ရပ်ကွက်ရှိ မြစ်ကြီးနားပညာရေးဒီဂရီကောလိပ်ရှိ ခန်းမတွင် ကျင်းခဲ့သည်။

ရှေးဦးစွာ မြစ်ကြီးနားမြို့ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု(၂)မှ ရဲအုပ်ဇော်လင်းအောင်နှင့် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး တပ်ဖွဲ့စုမှူး ရဲမှူးမိုးစိန်က မူးယစ်ဆေးဝါး အန္တရာယ်နှင့်ပတ်သက်၍ အသိပညာပေးဟောပြောပြီး အမှတ်(၁၂) လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စုမှ ဒုရဲမှူးသိန်းထိုက်အေးက လူမှောင်ခို/လူကုန်ကူးမှုများနှင့် ပတ်သက်သည်များအား အသိပညာပေးဟောပြောခဲ့ကြသည်။

ထို့နောက် ကချင်ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးသန်းအောင်က မူးယစ်ဆေးစွဲရောဂါ ကုသပျောက်ကင်းသည့် လူငယ်မောင်မယ်များအား ပြန်လည်ထူထောင်ရေး လုပ်ငန်း ဆောင်ရွက်ပေးနေမှုများနှင့် မူးယစ်ဆေးဝါးတားဆီးကာ ကွယ်ရေးလုပ်ငန်းများကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် အသိပညာပေးဟောပြောပြီး အမှတ်(၂)ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးရဲတပ်ဖွဲ့စိတ်မှ ရဲအုပ်သောင်းရွှေက ကလေးသူငယ်များဆိုင်ရာအခွင့်အရေးများနှင့်ပတ်သက်၍ အသိပညာပေးဟောပြောခဲ့သည်။

ဆက်လက်၍ မူးယစ်ဆေးဝါး တားဆီးကာကွယ်ရေးဆိုင်ရာ စာစီစာကုံး၊ ကဗျာနှင့် ပန်းချီပြိုင်ပွဲများတွင် ဆုရရှိသည့် ကျောင်းသား/သူများအား သက်ဆိုင်ရာ တာဝန်ရှိသူများက ဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်းနှင့် အခမ်းအနားသို့ ကျောင်းအုပ်ကြီး ဒေါ်ဥမ္မာမြင့်နှင့် ဆရာ/ဆရာမများ ဆရာအတတ်ပညာ သင်တန်းတက်ရောက်နေသည့် သင်တန်းသား/သူများ အင်အား(၄၀၀)ကျော် တက်ရောက်ကြောင်း သတင်းရရှိသည်။

ယော်ဆောင်(ပြန်/ဆက်)