မိုးညှင်း မတ် ၈
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် စိုက်ပျိုးရေးနှင့် မွေးမြူရေး ကျေးရွာစီမံကိန်း(ဒုတိယစက်ဝန်း) ထောက်ပံ့ငွေကျပ် သိန်း(၄၆၀၀)အား လွှဲပြောင်းပေးအပ်ပွဲကို ယမန်နေ့နံနက် (၁၁) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အဆိုပါ အခမ်းအနားတွင် ဒုတိယခရိုင် အုပ်ချုပ်ရေးမှူး ဦးကိုကိုလှိုင်က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်အဆင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဦးမြတ်ခိုင်ကိုက နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော စိုက်ပျိုးရေးနှင့် မွေးမြူရေး ကျေးရွာစီမံကိန်း (ဒုတိယစက်ဝန်း) ထောက်ပံ့ငွေများ လွှဲပြောင်းပေးအပ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် ကျေးရွာစီမံကိန်း ကော်မတီဝင်များအား သက်ဆိုင်ရာ တာဝန်ရှိသူများက စိုက်ပျိုးရေးလုပ်ငန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် စီမံကိန်းကျေးရွာ (၄) ရွာသို့ ထောက်ပံ့ငွေကျပ် သိန်း(၁၈၀၀)ကိုလည်းကောင်း၊ သမဝါယမလုပ်ငန်း ဆောင်ရွက်နေသည့် စီမံကိန်းကျေးရွာ (၆)ရွာသို့ ထောက်ပံ့ငွေကျပ် သိန်း(၂၂၀၀)ကိုလည်းကောင်း၊ မွေးမြူရေးလုပ်ငန်းဖြင့် အကောင်းအထည်ဖော် ဆောင်ရွက်နေသည့် အုန်းစံဆိုင်စီမံကိန်းကျေးရွာ (၁)ရွာကို ထောက်ပံ့ငွေကျပ် သိန်း(၆၀၀)ကိုလည်းကောင်း စုစုပေါင်း ထောက်ပံ့ငွေကျပ်သိန်း (၄၆၀၀)အား အသီးသီး လွှဲပြောင်းပေးအပ်ခဲ့ကြကြောင်း သိရသည်။
ရွှေမိုးညှင်း(ပြန်/ဆက်)