မချမ်းဘော မတ် ၈
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့တွင် ကျောင်းသားလူငယ်များ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန် စာဖတ်ရှိန် မြှင့်တင်လာစေရန် ရည်ရွယ်၍ ဟောပြောပွဲနှင့် စာစီစာကုံးပြိုင်ပွဲကို ယမန်နေ့ မွန်းလွဲ (၁)နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။
ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ဖုန်ကူးခါ့မိုင်ကက မင်္ဂလာဆိုသည်မှာ ခေါင်းစဥ်ဖြင့် အသိပညာပေး ဟောပြောရာတွင် မင်္ဂလာပါ၏ အဓိပ္ပါယ်၊ လူတိုင်းပြောဆိုနေကြသည့် မင်္ဂလာပါစကားနှင့် ကိုက်ညီသည့် အနေအထိုင် အပြောအဆိုများကို အသိပညာပေး ဟောပြောပြီးနောက် စာစီစာကုံးပြိုင်ပွဲ ကိုဆက်လက်ကျင်းပရာ ကျောင်းသား/ကျောင်းသူ ၂၀ဦးတို့က ကျွန်တော်၏ ရည်မှန်းချက် ခေါင်းစဥ်ဖြင့် ပါဝင်ယှဥ်ပြိုင်ကြပြီး ဆုရရှိသူများကို အခြေခံအင်္ဂလိပ်စာ သင်တန်းဆင်းပွဲရက်တွင် ဆုများချီးမြှင့် ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ယောရွှေနီ(ပြန်/ဆက်)