တနိုင်း မတ် ၆
ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ်မီးသတ်ဦးစီးဌာနမှ ဆင်မ်ဆာ့ကွက်သစ်ရှိ ဆုဝေ စက်သုံးဆီ အရောင်းဆိုင်အား မီးဘေးလုံခြုံရေး စစ်ဆေးဆောင်ရွက်ခြင်းနှင့် မီးငြှိမ်းသတ် ဇာတ်တိုက်လေ့ကျင့် သရုပ်ပြသခြင်းလုပ်ငန်းကို မတ်လ ၅ ရက်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ သည်။
တနိုင်းမြို့နယ်အတွင်း ပူပြင်းခြောက်သွေ့သော နွေရာသီရောက်ရှိလာသောကြောင့် မီးဘေးအန္တရာယ် ကင်းဝေးစေရေးနှင့် ပြည်သူများရဲ့ အသက်အိုးအိမ်စည်းစိမ်များ ပျက်ဆီးဆုံးရှုံး မှုမရှိစေရန် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ဆင်မ်ဆာ့ကွက်သစ်ရှိ ဆုဝေစက်သုံးဆီ အရောင်းဆိုင်အား မီးဘေးလုံခြုံရေး စစ်ဆေးဆောင်ရွက်ခြင်းနှင့် မီးငြိမ်းသတ် သရုပ်ပြသခြင်း လုပ်ငန်းများကို မြို့နယ်မီးသတ်ဦးစီးဌာနမှူး ဦးအောင်ဇော်ဝင်း ဦးဆောင်၍ ဆောင်ရွက်ခဲ့သည်။
တနိုင်းမြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်း မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးနှင့် မီးဘေးလုံခြုံရေးအတွက် အလေးထားဆောင်ရွက်လျက်ရှိပြီး အသိပညာပေးစစ်ဆေး အကြံပြုခြင်းများကိုလည်း အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မနောမြေ(တနိုင်း)