မိုးညှင်းမြို့နယ် နန့်လှိုင်ကျေးရွာ (စာထားကွင်း) ဆီထွက်သီးနှံ လယ်ယာကုန်ထုတ်လမ်း ရာနှုန်းပြည့် ပြီးစီးနေမှုအား တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေး

မိုးညှင်း မတ် ၅

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ယခုဘဏ္ဍာရေးနှစ်၌ ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော နန့်လှိုင်ကျေးရွာ (စာထားကွင်း) ဆီထွက်သီးနှံ လယ်ယာကုန်ထုတ်လမ်းအား ရာနှုန်းပြည့်ပြီးစီးမှု အခြေအနေများကို ယမန်နေ့နံနက် (၁၀)နာရီက တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးကြရာတွင် ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးထွန်းထွန်းဝင်း၊ မြို့နယ်ဦးစီးမှူး ဦးဌေးမြင့်၊ တာဝန်ခံအင်ဂျင်နီယာနှင့် ဝန်ထမ်းများက၊ ကျေးရွာကော်မတီဝင်များနှင့်အတူ  ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၌ ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရှိသော နန့်လှိုင်ကျေးရွာ(စာထားကွင်း) ဆီထွက်သီးနှံ လယ်ယာကုန်ထုတ်လမ်းအား သွားရောက်စစ်ဆေးကြရာတွင် ကျေးရွာကော်မတီဝင်များမှ လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ရှင်းလင်းတင်ပြကြရာ ခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများက ကျေးရွာပြည်သူများအား အဆိုပါလမ်းဆောင်ရွက်ပြီးစီးပြီး ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို တန်ဖိုးထားတတ်စေလိုကြောင်း၊ ရေရှည်တည်တံ့ခိုင်မြဲစွာ အကျိုးရှိရှိ အသုံးပြုကြစေလိုကြောင်းနှင့် လည်ပတ်ပြုပြင် ထိန်းသိမ်းရေး လုပ်ငန်းများကိုလည်း ကျေးရွာများမှ ဝိုင်းဝန်းကူညီ ဆောင်ရွက်ကြစေလိုကြောင်း စသည်တို့ကို အသီးသီးဆွေးနွေး ပြောကြားခဲ့ကြကြောင်း သိရသည်။

အဆိုပါ နန့်လှိုင်ကျေးရွာ (စာထားကွင်း) ဆီထွက်သီးနှံ လယ်ယာကုန်ထုတ်လမ်းသည် အရှည် (၇)ဖာလုံ၊ အကျယ် (၁၂) ပေ၊ အမြင့် (၂) ပေနှင့် (၉)လက်မရှိ မြေသား သဲကျောက်ခင်းခြင်းလုပ်ငန်းနှင့် ရေပြွန် (၂) စင်းလုပ်ငန်းကို ယခုဘဏ္ဍာရေးနှစ်တွင် ပြည်နယ်ဘဏ္ဍာရန်ပုံငွေ ကျပ် (၁၂၆) ဒဿမ (၁၄၃)သန်းဖြင့် တင်ဒါအောင်မြင်ခဲ့သည့် နောသန်းဂျိတ်လန်း (Northern Jade Land) ကုမ္ပဏီမှ တာဝန်ယူပြီး အောက်တိုဘာ (၉)ရက်နေ့မှ စတင်အ‌ကောင်အထည်‌ဖော် ဆောင်ရွက်ခဲ့ရာ ယခုအခါတွင် ရာနှုန်းပြည့် ပြီးစီးနေပြီဖြစ်ကြောင်းနှင့် ၎င်းလမ်းအား ဆောင်ရွက်ပြီးစီးပါက လယ်ဧက (၁၉၂)ဧကနှင့် လူဦးရေ(၄၁၄)ဦးအတွက် များစွာ အကျိုးပြုသွားမည်ဖြစ်ကြောင်း သိရသည်။

ရွှေမိုးညှင်း(ပြန်/ဆက်)