(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား မိုးညှင်းတက္ကသိုလ်တွင် ကျင်းပ

မိုးညှင်း ဖေဖော်ဝါရီ ၈

ကချင်ပြည်နယ် မိုးညှင်းတက္ကသိုလ်တွင် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် ဆုရရှိသူများအား ဆုများချီးမြှင့်ခြင်း အခမ်းအနားကို ဖေဖော်ဝါရီလ (၆)ရက်နေ့ မွန်းလွဲ(၂)နာရီက တက္ကသိုလ်ရတနာခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါ အခမ်းအနားတွင် တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာမဉ္ဇူမင်းက အဖွင့်အမှာစကား ပြောကြားကာ သမိုင်းဌာနမှ ပါမောက္ခ(ဌာနမှူး) ဒေါက်တာဝေဝေဟိန်းက “သွေးချင်းတို့ရဲ့ ပြည်ထောင်စုအမွေ၊ ပင်လုံသက်သေ”ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောပြီး ပန်းချီပြိုင်ပွဲ ကျင်းပခဲ့ခြင်းနှင့်ပတ်သက်၍ အမှတ်ပေးစည်းမျဉ်း၊ စည်းကမ်းချက်များကို ပန်းချီရွေးချယ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒဿနိက ဗေဒဌာနမှ ပါမောက္ခ(ဌာနမှူး) ဒေါက်တာမြင့်ငွေက ရှင်းလင်းပြောကြားခဲ့ကြသည်။

ထို့နောက် တက္ကသိုလ်၌ ဖေဖော်ဝါရီလ (၄)ရက်နေ့တွင် စာစီစာကုံး၊ ဆောင်းပါး၊ ပန်းချီ၊ အင်္ဂလိပ်စာနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲများမှ ဆုများရရှိခဲ့ကြသည့် ဘာသာရပ်အသီးသီးမှ ကျောင်းသား /ကျောင်းသူများကို တက္ကသိုလ်ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်နှင့် ပါမောက္ခ(ဌာနမှူး)များက ဆုများအသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြကြောင်း၊ ဆုများရရှိသည့် စာစီစာကုံး၊ ဆောင်းပါး၊ ပန်းချီ၊ အင်္ဂလိပ်စာနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲဝင်များကို ခင်းကျင်းပြသရာ ကျောင်းသား/ကျောင်းသူများက စိတ်ဝင်တစား လေ့လာကြည့်ရှု အားပေးခဲ့ကြကြောင်း သိရသည်။

ရွှေမိုးညှင်း(ပြန်/ဆက်)