မိုးညှင်း ဖေဖော်ဝါရီ ၈
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့တွင် ပြန်ကြာရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ထုတ်ဝေသည့် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်း စာစောင် များကို ယနေ့ နံနက် (၁၁)နာရီခွဲက အ.ထ.က ခွဲ (နားခါ) ၌ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါ လက်ကမ်းစာစောင်တွင် ၂၀၂၄ ခုနှစ်၊ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အမျိုးသားရေး ဦးတည်ချက်များ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာမှ ကောက်နုတ်ချက်များ၊ ပြည်ထောင်စု စိတ်ဓာတ်ထွန်းကားရေးနှင့် ပြည်ထောင်စုကြီးကို တည်ဆောက်ကာကွယ်ရေး၊ ကဗျာဆရာ မြရည် နန္ဒာရေးသားထားသည့် “ပြည်ထောင်စုဖွား သွေးချင်းများ” များ၊ ပင်လုံစာချုပ် လက်မှတ်ရေးထိုးခဲ့ကြသူများ၊ ဗိုလ်ချုပ်အောင်ဆန်း (၂၃−၁−၁၉၄၆) ခုနှစ်တွင် ကျင်းပသော ဖဆပလ ပြည်လုံးကျွတ် ညီလာခံသဘင်ကြီးသို့ တင်သွင်းသည့် ညီညွတ်ရေးအဆိုမှ ကောက်နုတ်ချက်များနှင့် အသိပညာပေး ကာတွန်းများ ပါဝင်ကြောင်း သိရသည်။
ထိုလက်ကမ်းစာစောင်များကို ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတများ တိုးပွားစေရန်နှင့် ပြည်ထောင်စုစိတ်ဓာတ်များပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန မိုးညှင်းခရိုင်ရုံးမှ ခရိုင်ဦးစီးမှူး ဒေါ်နွယ်နွယ်အေးနှင့် ဝန်ထမ်းများက အခမဲ့ဖြန့်ဝေပေးခဲ့ ကြောင်း သိရသည်။
ကိုသောင်း