မချမ်းဘောမြို့နယ်ရှိ အခြေခံပညာကျောင်းများ၌ ကျောင်းအခြေပြု အသက် ၅ နှစ်အထက်နှင့် အသက် ၇ နှစ်အောက် ကျောင်းသား၊ ကျောင်းသူများအား ဆုံဆို့-မေးခိုင် (DT) ကာကွယ်ဆေး ထပ်ဆောင်းထိုးနှံ

မချမ်းဘော ဖေဖော်ဝါရီ ၈

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့ အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျောင်းအခြေပြု  အသက် ၅ နှစ်အထက် အသက် ၇ နှစ်အောက် ကျောင်းသား၊ ကျောင်းသူများအား ဆုံဆို့-မေးခိုင် (DT) ကာကွယ်ဆေး ထပ်ဆောင်းထိုးနှံခြင်းကို ယနေ့ နံနက် ၁၁ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံခြင်းကို မချမ်းဘောမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ကာ အခြေခံပညာအလယ်တန်းကျောင်း မြို့မနှင့် အမှတ်(၂)၊ အမှတ်(၃) မူလတန်းကျောင်းများတွင်လည်း အလားတူ ဆောင်ရွက်ခဲ့ပြီး မချမ်းဘောမြို့နယ် အခြေခံပညာကျောင်းများရှိ အသက် ၅ နှစ်အထက်နှင့် အသက် ၇ နှစ်အောက် ကျောင်းသား၊ ကျောင်းသူများအား ဆုံဆို့-မေးခိုင် (DT)ကာကွယ်ဆေး ထပ်ဆောင်းထိုးနှံခြင်းကို ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ယောရွှေနီ(မချမ်းဘော)