မံစီမြို့နယ် ဆိုင်ဝမ့်ကထောင်ကျေးရွာတွင် ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းဆောင်ရွက်

မံစီ ဖေဖော်ဝါရီ ၈

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ် နမ့်မဖွဲကျေးရွာ အမကကျောင်း၌ ယမန်နေ့ နံနက် ၉ နာရီ အချိန်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးအရာရှိ ဒေါ်မြသက်ဦးက ကျောင်းသား/သူ များအား ပြည်ထောင်စုနေ့ ပေါ်ပေါက်လာပုံကို သိရှိနားလည်တန်ဖိုးထားတတ်လာစေရန် ရည်ရွယ်၍  ပြည်ထောင်စုနေ့၏ ဂုဏ်ရည်နှင့် ထိန်းသိမ်းစောင့်ရှောက်ရန် လက်ဆင့်ကမ်းတာဝန်အကြောင်း အကျယ်တဝင့်ဟောပြောပြီးနောက် မြို့နယ်မီးသတ်ဦးစီးဌာန လက်ထောက်ဦးစီးမှူး အောင်တိုးလေးက နွေရာသီမီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် မီးသတ်ဝတ်စုံ၊ ကယ်ဆယ်ရေးဝတ်စုံနှင့် ရုံးတက်ဝတ်စုံများအကြောင်း ဟောပြောခဲ့သည်။

ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်မြတ်နန်းခိုင်က မူးယစ်ဆေးဝါးသုံးစွဲရခြင်းအကြောင်းနှင့် မူးယစ်ဆေး၏ဆိုးကျိုးများအကြောင်း အသိပညာပေး ဟောပြောခဲ့ပြီး မူးယစ်ဆေးဝါး ဆိုင်ရာအသိပညာပေးနံရံကပ်စာစောင်ပြသခြင်းနှင့် စာအုပ်စာပေ ဖတ်ရှုစေခဲ့ရာ ကျောင်းသား/သူ (၁၄၇)ဦးခန့်က စိတ်ဝင်တစားလေ့လာကြည့်ရှုဖတ်မှတ်ခဲ့ကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)